အပိုင်း ၂၃

97 9 1
                                    

အပိုင်း ၂၃

ကိုယ့်နေရာကိုယ် သိဖို့ကောင်းတယ်

"ဟုတ်ကဲ့ ဒါဆိုရင် စာချုပ်အသစ်ချုပ်ကြတာပေ့ါ "

ဒေါ်မြစံပယ်သည် သူ့၏ "ရွှေရောင်သစ်" ရတနာဆိုင်နှင့်အတူ လုပ်ငန်းတွဲလုပ်ရန် လာရောက်ကမ်းလှမ်းသူများအား ရင်းနှီးပြုငှာစွာ ပြုံးပြရင်း ဧည့်ခံနေခြင်းဖြစ်သည်။

"ကျွန်မတို့လည်း နာမည်ရပြီးသားဆိုင်နဲ့ တွဲလုပ်ရတော့ ဝမ်းသာရပါတယ်ရှင်"

"ဟုတ်ကဲ့ နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ ကိစ္စပါပဲရှင် ကျွန်မအတွက်လုပ်ငန်းတိုးချဲ့ပြီးသားဖြစ်.. ရှင်တို့ဆိုင်ခန်းတွေအတွက်လည်း နှစ်ရှည်စာချုပ်ရတာပေါ့ မဟုတ်ဘူးလား"

ထိုလာ‌ရောက်ကမ်းလှမ်းသူများမှာ ဆိုင်ခန်းပိုင်ရှင်အမျိုးသမီးနှင့် သူမ၏ အတွင်းရေးမှူးကောင်မလေးတစ်ယောက်ဖြစ်သည်။ အသစ်ဖွင့်မည့် ဒေါ်မြစံပယ်၏ ရတနာဆိုင်အတွက် သူတို့အဆောက်အဦးအား ငှားရမ်းရန် လာရောက်တောင်းဆိုခြင်းပင်။
ရှေရှည်ငှားရမ်းမှုအတွက်  ရွှေရောင်သစ်ရတနာရောင်းဝယ်ရေးထံမှာ စာချုပ်ချုပ်ဆိုနိုင်ဖို့ ကြိုးစားကြသူ အများအပြားရှိသည့်အနက် ဒေါ်မြစံပယ်က ထိုသူတို့အား ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

"ဟုတ်ကဲ့ ဒါဆိုရင် စာချုပ်အတွက် ကျွန်မတို့ မနက်ဖြန်ပြန်လာမယ်နော် အခုတော့ ခွင့်ပြုပါဦး"

"ဟုတ်ကဲ့"

ဒေါ်မြစံပယ်သည် လုပ်ငန်းဆောင်တာများအား အဆင်ပြေချောမွေ့စွာ လက်စသတ်လိုက်ပြီးနောက် အိမ်ပြန်ဖို့ပြင်လိုက်သည်။ မနက်ဖြန်က သူမ၏ မွေးနေ့ဖြစ်သည့်အတွက် ပြင်ဆင်စရာရှိတာများကို ပြင်ဆင်ရမည်။
နောက်ပြီး အနားမှာ ခင်ပွန်းဖြစ်သူ ဦးချစ်ဟန်မရှိသည့် ပထမဆုံး မွေးနေ့။ အရင်လို ပန်းစည်းနှင့် ကိတ်မုန့်လေးဝယ်ပြီး ဆီးကြိုနေတတ်သည့် အချစ်မရှိသည့် မွေးနေ့။ သို့သော် သူ့မှာ သားငယ်လေးရှိပါသေးသည်။ ထို့မျှမက သား၏ အချစ်လေးလည်းရှိပြန်၏။

ဒေါ်မြစံပယ်သည် မတော်ရသေးသည့် သမက်လေးကို သတိရသွားသောကြောင့် ချက်ချင်း ဖုန်းကိုထုတ်ကာ ဆက်လိုက်သည်။

To my Special one  [Completed] Where stories live. Discover now