အပိုင်း ၂၆

149 8 0
                                    

အပိုင်း ၂၆

သမက်တစ်ယောက် အဖက်တင်သွားပြီ

ပြန်သတိရလာသော မိခင်ကို ယူမီက ယပ်တောင်လေး တဖျတ်ဖျတ်ခက်ပေးလျက် ပြုစုနေသည်။ ဦးချမ်းသာမှာတော့ ဒေါ်ခင်စောတစ်ယောက် ထပ်မံ၍ ပက်လက်လန်သွားမှာ စိုးရိမ်သည်မို့ ဘာစကားမှ မပြောဘဲ ငြိမ်ငြိမ်လေးထိုင်ရနေရှာ၏။

ဒေါ်ခင်စောသည် နှာရှူဆေးဘူးကို နှာခေါင်းနှင့်ကပ်ခါ ရှူးကနဲ‌နေအောင်ရှူသွင်းလိုက်ပြီးမှ စိတ်ကိုမနည်းတည်ငြိမ်‌အောင် ကြိုးစား၍ ပြောလာသည်။ 

"ဖေကြီး ...ဘယ်လိုလုပ်ကြမလဲဟင်"

"ကိုယ်ကတော့ လက်မခံနိုင်ဘူး ခင်ရယ် ခင့်သဘောကရောဟင်"

"လုံးဝမဖြစ်ဘူးထင်တယ်ရှင် ...ခင်တော့ လုံးဝသဘောမတူဘူး"

"ဟာ အမေကလည်း...ကိုကိုတို့ ချစ်ခြင်းကို ခွဲတော့မလို့လား"

ယူမီက ဝင်ပြောလိုက်သည်နှင့် ဒေါ်ခင်စောက ယူမီအား စိုက်ကြည့်လိုက်သည်။

"သမီးအကို လုပ်နေတာကိုလည်း ကြည့်ပါဦး သမီးရဲ့ ဟန်လေးကိုတော့ ခင်ပါတယ် ကိုယ့်သားလေးလိုလည်း သဘောထားတယ်..ဒါပေမယ့် သမက်တော်ဖို့တော့ မဖြစ်နိုင်ဘူးလေ "

"ဘာလို့လဲဟင် ကိုဟန့်မှာ အဖေမရှိလို့လား.."

"တိတ်စမ်း ယူမီ မဟုတ်တာတွေ မပြောစမ်းနဲ့ ယောက်ျားလေးနှစ်ယောက် လက်ထပ်တာကို အသာတကြည်လက်ခံဖို့ လွယ်တယ်များထင်နေလား ဟမ်"

"သားကိုး ကရော တကယ်ပဲ ဒီလိုဆုံးဖြတ်ထားတာဆိုရင်...ကိုယ်တို့ သားနဲ့အရင်ဆွေးနွေးသင့်ပါတယ် ခင်ရယ်"

မိသားစုသုံးယောက်သား သားကြီး၏ အိမ်ထောင်ရေးအတွက် အမျိုးမျိုး ဆွေးနွေးခန်းဖွင့်နေစဉ်မှာပဲ အိမ်ထဲသို့ လူတစ်ယောက် ဝင်လာလေ၏။ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် သူတို့အိမ်ထဲသို့ ခပ်တည်တည်ပင် ဝင်လာပြီး ဧည့်ခန်းမှာ နေရာယူလိုက်သည်။

"  မင်းဟန်သစ်ရဲ့ အဖေ ဦးချစ်ဟန်ဆိုတာ ကျုပ်ပဲ"

ထိုလူ့၏ နှုတ်ဆက်စကားကို ကြားသည်နှင့် ဒေါ်ခင်စောမျက်နှာက မကြည်မသာ ဖြစ်သွားလေသည်။ ‌မိန်းမကို သစ္စာဖောက်ပြီး သားကို ထားပစ်ခဲ့တဲ့ လူ။
အိမ်ထောင်ရေးကို ဖျက်ဆီးပြီး အနှစ်နှစ်အလလ ပေါင်းလာတဲ့ အမျိုးသမီးကို မျက်‌ရည်ကျစေခဲ့သူ။ ဒေါ်မြစံပယ်၏ မျက်ရည်တွေကို ပြန်မြင်ယောင်မိလာပြီး ဒေါ်ခင်စောက မိန်းမသားချင်းကိုယ်ချင်းစာတတ်သူပီပီ ဒေါသထွက်မိလေသည်။

To my Special one  [Completed] Where stories live. Discover now