အပိုင်း ၅

159 22 3
                                    

အပိုင်း ၅

"ကိုကိုး ကျွန်တော့်ကို ကယ်ပါဦး"

နေဝင်ရီရော မှောင်ရိပ်သန်းချိန်တွင် ကောင်လေးနှစ်ယောက်သည် ဘေးတိုက်ယှဉ်တွဲက ဖြေးဖြေးချင်းလမ်းလျှောက်လာနေကြသည်။ ညနေခင်းလူရှင်းချိန်ဖြစ်သလို လမ်းဘေးဝဲယာတွင်လည်း စိမ်းစိမ်းစိုစိုအပင်များက လမ်းတလျှောက်ကို အေးချမ်းစွာအလှဆင်ထားသည်။ မိုးတိမ်အနည်းငယ်အုံမှိုင်းသဖြင့် လေးနုနုအေးအေးက တချက်ဝေ့လိုက်တိုင်း မိုးနံ့သင်းသင်းကို ရှုရှိုက်မိနိုင်ပေသည်။

"ကိုကိုး ကျေးဇူးတင်ပါတယ်.."

"ဘာကိုလဲ... အင်း မင်းကတော့လေ အမြဲတမ်းကို ကျေးဇူးတင်နေတော့တာပါပဲလားကွာ"

"ကျွန်တော့်အတွက်တော့ ကိုကိုးက ကျေးဇူးတင်ရုံနဲ့တောင် မလုံလောက်တဲ့လူသားပါ"

"ဟမ်... ဘာ..ဘာလို့လဲ ငါဘာမှလည်းမလုပ်မိပါဘူး"

"ကိုကိုးက ကျွန်တော့်ကို ဒီကမ္ဘာကြီးထဲမှာဆက်ပြီး အသက်ရှင်ချင်လာအောင်လုပ်ပေးခဲ့တာလေ"

ထိုစကားကြောင့် ကိုးသည် မိမိဘေးကကောင်လေးကို ကြည့်လိုက်မိတော့ အရှေ့ကိုပဲစိုက်ကြည့်ကာ တချက်လေးတောင် ပြုံးရယ်နေချင်းမရှိပါပေ။ လုံးဝကို တည်ကြည်လေးနက်လှသော အမှုအရာမျိုးဖြစ်သည်။ သူသည် အေးဆေးတည်ငြိမ်စွာပင် စကားလုံးများကို တခွန်းချင်း သေချာပြောနေသဖြင့် ကိုးလည်း သေချာအာရုံစိုက်ကာ နားထောင်ပေးရန်သင့်သည်ဟု ယူဆလိုက်၏။

မင်းဟန်သစ်သည် ပုခုံးပေါ်မှ လျောကျလုနီးနီး ကျောပိုးအိတ်ကို ပြန်ပင့်တင်လိုက်ရင်းဖြင့်_

"အဲဒီနေ့ကလေ မှတ်မိလား ကိုကိုး ကျွန်တော်နဲ့ ပထမဆုံးတွေ့တဲ့နေပေါ့ ကျွန်တော့်အဖေက မေမေနဲ့ လမ်းခွဲတော့မယ်လို့ ကျွန်တော့်ကိုပြောပြခဲ့တာ... ကျွန်တော်သိပ်ပြီး ရှော့ရသွားတာ ဘာလို့ဆို ကျွန်တော့်မှတ်ဉာဏ်ထဲမှာ သူတို့နှစ်ယောက်ရန်ဖြစ် စကားများတာမျိုး တခါမှ မရှိခဲ့ဘူးလေ.."

"အင်း...ဟုတ်လား" ကိုး သူ့စကားကို တိုးတိုးလေး ပြန်ထောက်ပေးလိုက်သည်။

To my Special one  [Completed] Where stories live. Discover now