မောင့်သည်းညှာရှင် အပိုင်း ၂

17.1K 1.3K 32
                                    

Uni

မောင့်သည်းညှာရှင် အပိုင်း ၂

10.6.2017 7:00am

တိုင်း ဒီနေ့ ရှိသမျှအလုပ်ကိုနားပြီးစစ်ကိုင်းဘက်ဆီထွက်လာခဲ့သည်..။သူစစ်ကိုင်းမှာ တွေ့စရာလူနဲ့လုပ်စရာအလုပ်တွေရှိသေးသည်..။

မနက်အစောကတည်းကထွက်လာခဲ့တာမို့ ၇ နာရီထိုးတော့ တည်းခိုမည့် Blue House Hotel ရှေ့ရောက်လေပြီ...။Hotelရှေ့ ကားထိုးရပ်လိုက်တော့ ဧည့်ကြိုကောင်လေးတစ်ယောက်က အပြေးအလွှား ကားတံခါးလာဖွင့်ပေးသည်..။ကျောပိုးအိတ်ကိုဆွဲယူပြီး ဧည့်ကြိုကောင်လေးထံကားသော့ကိုပစ်ပေးလိုက်ကာ....

''ကားပါကင်ထိုးပြီး အိတ်တွေဆွဲခဲ့...Reception မှာစောင့်နေမယ်...''

''ဟုတ်ဆရာ့..''

လျှာထိုးဦးထုပ်အနီကို မျက်လုံးဖုံးအောင်ဆွဲချလိုက်ပြီး Mask အနက်ကို သေချာတပ်လိုက်သည်..။ကျောပိုးအိတ်ကိုလက်တစ်ဖက်ဖြင့်လွယ်ကာ Reception ဆီတည့်တည့်မတ်မတ်လျှောက်သွားလိုက်ပြီး booking လုပ်ထားတဲ့အခန်းအတွက် ငွေချေနေလိုက်သည်..။

အိတ်တွေမလာသေးတာမို့ Reception ရှေ့က ဧည့်သည်ထိုင်ရန်ထိုင်ခုံမှာဝင်ထိုင်ရင်း ဖုန်း Wallpaper က ပုံလေးကို ပြုံးကြည့်နေမိသည်..။သူ ဒီလူသားလေးကိုလွမ်းနေတာကြီးရယ်..။

''ခွမ်း...''

''အား...မေမေရေ...အီး..နာတယ်..''

တစ်စုံတစ်ခုကျကွဲသံနဲ့အတူ ကလေးတစ်ယောက်ရဲ့စူးစူး၀ါး၀ါးအော်ငိုသံကထွက်ပေါ်လာသည်...။ထို့နောက် မိခင်ဖြစ်သူရဲ့ဆူပူကြိမ်းမောင်းသံထွက်လာတော့ တိုင်း ခေါင်းတစ်ချက်ငဲ့ကြည့်လိုက်သည်...။

''သား..သားလေး...ရှင်ဘယ်လိုလုပ်လိုက်တာလဲ..ကလေးကိုထိသွားပြီ...''

''အာ...တောင်းပန်ပါတယ်ဗျ...တောင်းပန်ပါတယ်ဗျ...''

ကလေးတစ်ယောက်က ပြေးလွှားဆော့နေရင်းလမ်းလျှောက်ကာ ဖုန်းပြောလာသူကို ဝင်တိုက်မိသွားပုံရသည်..။ဖုန်းကျကွဲသွားပြီး မှန်ကွဲစကို ကလေးက တက်နင်းမိသွားသည်ထင်..။ကလေးအမေက ဇာချဲ့လွန်းပြီးတစ်ဖက်လူတောင်းပန်နေသည့်ကြားက ထုရိုက်ဆူပူအပြစ်တင်နေသည်က မြင်မကောင်း..။

မောင့်သည်းညှာရှင် (Completed)Where stories live. Discover now