မောင့်သည်းညှာရှင် အပိုင်း ၁၉

8.9K 827 27
                                    

Uni

မောင့်သည်းညှာရှင် အပိုင်း ၁၉

တိုင်း ကိုကို့အသံကိုကြားနေရသည်...။စွဲလန်းနေခဲ့ရသောအသံလေး..။ဒါပေမယ့် ဘယ်နားကနေ အဲ့အသံကိုကြားနေရတာလဲ ရှာမရ..။

တိုင်းခန္ဓာကိုယ်ကလည်း ငှက်မွေးလေးလို လေသွားရာလွင့်လို့..။

ပတ်၀န်းကျင်ကိုလှည့်ပတ်ကြည့်မိတော့လည်းအဖြူရောင်အလင်းတန်းအရှည်ကြီးတွေကိုပဲ မြင်နေရသည်..။

တိုင်းထိုအလင်းတန်းအဆုံးကို အရောက်သွားနေပေမယ့် သူလမ်းမဆုံးနိုင်သေး...လျှောက်လေ ဝေးသွားလေ။သိုပေမယ့် ကိုကို့အသံရှိရာအလင်းရောင်ကို ပိုင်ဆိုင်ဖို့ လမ်းဆက်လျှောက်နေမိသည်..။

''မောင်...မောင်ရေ..အား...မောင်..ကယ်ကြပါအုံး..မောင့်ကိုခေါ်မရတော့ဘူး...''

ဟင်...ကိုကို့အသံ...။ကိုကို..ကိုကိုဘယ်မှာလဲ..။

ဘေးပတ်ပတ်လည်ကို လိုက်ရှာအော်ခေါ်နေပေမယ့် ကိုကို့အော်ငိုသံသာကြားနေရသည်...။တိုင်း အသံကုန်အော်နေပေမယ့် အသံကအော်သလောက်ထွက်မလာ..။

''ကိုကို...ကိုကို မောင်ဘာမှမဖြစ်ဘူး...ကိုကိုဘယ်မှာလဲ...''

''မောင်..ကိုကိုက ဒီမှာ..''

နောက်နားဆီက အသံကြောင့် လှည့်ကြည့်လိုက်တော့ အဖြူရောင် Suit လေးနဲ့ ကိုကိုက ပြုံးကြည့်နေသည်..။ပျော်ရွှင်သွားသည့်စိတ်ကြောင့် နစ်နစ်နဲနဲပြုံးလိုက်ကာ ချစ်ရသူဆီအပြေးလေးသွားကာဆွဲဖက်လိုက်ပေမယ့် လေကိုသာ ထိလိုက်ရသလို...မျက်စိရှေ့နဲ့လက်မောင်းကြားမှာဗလာနတ္တိ။

''ဟင်..ကိုကို...ဘယ်ရောက်သွားလဲ.. မောင့်ဆီလာပါကိုကို...ကိုကိုရေ''

''ငါလာပြီမောင်..မောင့်ကို သီချင်းဆိုပြမလို့...''

ဖြည်းဖြည်းလျှောက်လမ်းလာတဲ့ကိုကိုခြေချရာနေရာတိုင်းမှာပန်းအမျိုးစုံတို့ကအလီလီဖူးပွင့်လာကြသည်...။တိုင်းအနားရောက်ဖို့ လက်တစ်လှမ်းအလိုမှာ ကိုကိုကထိုင်ချလိုက်တာမို့ အနားပြေးကပ်သွားလိုက်ပြီးကိုကို့ပေါင်ပေါ်ခေါင်းချကာ လှဲအိပ်လိုက်သည်...။

မောင့်သည်းညှာရှင် (Completed)Where stories live. Discover now