Uni
မောင့်သည်းညှာရှင် အပိုင်း ၁၆
တိုင်း ကိုချစ်မိုးနိုင်က သူ့ကော်ဖီဆိုင်မှာ ပါဆယ်ပုံးရောက်နေကြောင်းဖုန်းဆက်လာသည်မို့ဆိုင်ကယ်တက်ခွကာထွက်လာခဲ့သည်...။
ကိုကိုက ရန်ကုန်ရောက်နေတာ တစ်ပတ်လောက်နေရှိပြီ...။ကိုကို့ဒယ်ဒီကအလုပ်ကိစ္စနဲ့စင်ကာပူထွက်သွားတာမို့ ရန်ကုန်ကအလုပ်တွေကိုခဏတဖြုတ်သွားဦးစီးလုပ်ကိုင်ပေးနေရခြင်းသာ...။
တိုင်းသည်လည်း ကြော်ငြာရိုက်ကွင်းပြေးလိုက်...ဓာတ်ပုံshottingအတွက်နယ်ဘက်ဆီခရီးထွက်လိုက်နဲ့ အားလပ်မနေ...။နောက်လ ၁၅ရက်နေ့ကျရင်လည်း ပြင်ဦးလွင်မှာ Outdoor ရှိသည်မို့ ကိုပြည့်က ဒီလရဲ့နောက်ဆုံးရက်သတ္တပတ်ကိုနားရက်ပေးထားသည်...မဟုတ်ရင် အခုလိုသွားဖို့လာဖို့အချိန်ရမည်မဟုတ်ပေ...။ကိုကိုနဲ့အလွမ်းသည်ဖို့တောင်အနိုင်နိုင်အားရသည်...။
မနေ့ကဖုန်းဆက်တော့ ရန်ကုန်ကအပြန် ပြင်ဦးလွင်ကို တခါတည်းဝင်တွေ့မည်ဆိုတဲ့ ကိုကို့စကားကြောင့် တိုင်းမှာ စိတ်တွေချမ်းသာနေရသည်..။V callလေးနဲ့တင်ကျေနပ်နေရတာ ကြာပြီမဟုတ်လား...။တိုင်းရဲ့ညိုးငယ်နေတဲ့မျက်နှာမြင်တော့ အလွမ်းပိုနေတာသိနေသည့်ကိုကိုကသူပင်ပန်းမည့်အရေးကိုတောင်ဂရုမစိုက်ပဲ တိုင်းပျော်ရွှင်ဖို့အရေးပိုတွေးပေးရှာသည်...။
ကိုကိုက ချစ်စရာကြီး..။အလိုက်သိတယ်..။ရုပ်ချောတယ်..။ပြီးတော့ တိုင်းကိုလည်း အများကြီးချစ်ပေးတယ်..။
ကော်ဖီဆိုင်ရောက်တော့ ဆိုင်ကယ်ပေါ်ကမဆင်းတော့ဘဲ....ဆိုင်ပေါက်၀၌သာရပ်နေလိုက်ပြီး ကိုနိုင်လာအပို့ကိုသာစောင့်ယူလိုက်သည်...။ဆိုင်ကယ်မှန်ကိုဖွင့်လိုက်ပြီး အနားရောက်လာတဲ့ကိုနိုင့်လက်ထဲကပါဆယ်ပုံးကိုယူလိုက်ရင်းပခုံးကိုအသာပုတ်လိုက်ပြီး...
''ကျေးဇူး ..ကိုနိုင်...အချိန်မရလို့မထိုင်တော့ဘူး...''
''အေးအေး..တိုင်း ဖြေးဖြေးမောင်းသွားအုံး..''
ခေါင်းတစ်ချက်သာငြိမ့်ပြခဲ့ပြီး တိုင်း ပြန်ထွက်လာခဲ့လိုက်သည်..။သူဒီနေ့ သီချင်း ၂ပုဒ် အသံသွင်းရမည်မို့ အချိန်လင့်မသွားစေလို...။တကယ်တမ်း ပြင်ဦးလွင်ကအပြန်မှ အသံသွင်းဖို့ကိုပြည့်ကပြောပေမယ့် ကိုကိုရောက်ချိန်ကျအချိန်ပေးလည်ပတ်ပေးချင်တာမို့ အလုပ်ကိစ္စတွေအပြီးဖြတ်ပစ်နေတာပင်...။
YOU ARE READING
မောင့်သည်းညှာရှင် (Completed)
Romanceတတိယ fic.. Cover song ဆိုရတာဝါသနာပါတဲ့Model လေးတစ်ယောက်နဲ့ Hotel ပိုင်ရှင် CEO လေးရဲ့ ချစ်ဇာတ်လမ်း... ဆံပင်ခွေခွေလေးတွေရော..အဲ့ဒီကြွတ်မြှီးလေးရော...ကလေးမျက်နှာ လေးနဲ့ စူးရှတဲ့ မျက်ဝန်းတောက်တောက်ကလေးတွေရော...။ဘယ်ဘက်လက်မက လက်ပွားလေးကိုရော...။တအားလွမ်း...