Uni
"မြန်မြန်မောင်းပါ တိုင်းရယ်...မင်းရဲ့သား ငါ့သုသုလေးကိုဘယ်လိုအပြစ်တွေပေးထားပြန်ပြီလဲမသိဘူး...ရန်ဖြစ်လာတာအပြစ်လားလို့...ဟိုကလေးကသူ့မျက်နှာ တစ်ကမ္ဘာထင်ပြီးလိုက်လာရတာကို...အနိုင်ကျင့်သလိုလုပ်နေတယ်...ဘာလဲ..မင်း သားဘက်ကကာပြောပေးဖို့ပြင်မနေနဲ့..."
တိုင်းမှာသားဖြစ်သူဘက်ကိုလိုက်ကာပြောပေးဖို့ပါးစပ်ဟလိုက်ပေမယ့် မိမိရဲ့ခင်ပွန်းလေးကပြောမည့်စကားကြိုသိနေသလိုနှုတ်ခမ်းကိုက်ပြီးမာန်မဲလာတာမို့ငြိမ်နေလိုက်ရသည်...။
၀၀လေးရေ ဒယ်ဒီသားဘက်ကမပါပေးနိုင်တော့ဘူး...စိတ်မကောင်းပါဘူးသားရေ..ဒယ်ဒီလည်း မင်းပါးပါးကို ဖင်တုန်အောင်ကြောက်ရတာမို့ပါကွာ...။
ဘေးကလူသားလေးကတော့ သူ့အချစ်တော်ဖြစ်သောသားဖြစ်သူကို မင်း သား မင်း သားနဲ့ဘောလုံးပုတ်ကာ သူ့ရဲ့ဒုတိယအသည်းကျော်သမက်ကလေးကိုကာကွယ်နေလေရဲ့...။
ဖြစ်ပုံကဒီလို....။
မနေ့ကတည်းက တိုင်းတို့လင်လင်နှစ်ယောက်နေပြည်တော်ကအသိတစ်ယောက်မင်္ဂလာဆောင်ကိုလည်ရင်းပတ်ရင်းရက်ကြာကြာနေဖို့ထွက်လာခဲ့ကြတာ...။အခု မင်္ဂလာပွဲတောင်မပြီးခဲ့သေး ကိုကိုက သူ့အသည်းကျော်ရဲ့ငိုသံနဲ့ဆက်လာတဲ့ဖုန်းကြောင့် အသိကိုပင်တောင်းပန်ပြီးချက်ချင်းပြန်ချလာခဲ့သည်...။
ကိုကို့အသည်းကျော်ဆိုတာ တခြားသူမဟုတ် အချစ်ညို့ရဲ့တူအရင်းခေါက်ခေါက် ၀၀လေးချစ်ချစ် သုတိုင်းပြေ ပင်ဖြစ်သည်...။
သုသုက ၀၀လေးထက်၁၀နှစ်နဲ့၁လလောက်ငယ်သည့်ကလေး...။မိဘတွေက ကိုရီးယားနဲ့ဗမာကပြားတွေမို့ မြန်မာပြည်မှာမနေကြ...။ပြင်ဦးလွင်မြို့ အနီးစခန်းနားမှာ အဘွားဖြစ်သူရဲ့အရိပ်အောက်မှာပစားပေးအချစ်ခံဖူးဖူးမှုတ်အလိုလိုက်ခံရသည့်လူဆိုးလေးတစ်ယောက်ပင်...။
သုသုလေးဆိုးလားမဆိုးလား...ပြောပြရအုံးမည်...။
၀၀လေးက ကိုကို့အလုပ်တွေကိုဦးစီးချဲ့ထွင်ရင်းသူ၀ါသနာပါသည့်စိုက်ပျိူးရေးကိုပါတွဲလုပ်သည်မို့ ပြင်ဦးလွင်မှာ မြေနေရာခြံကျယ်ကြီးတစ်ခု၀ယ်ပြီး ကော်ဖီပင်...ပန်းပင်...စပျစ်သီး..စသည်တို့ကိုအစုံစိုက်ပျိုးထားသည်...။
ESTÁS LEYENDO
မောင့်သည်းညှာရှင် (Completed)
Romanceတတိယ fic.. Cover song ဆိုရတာဝါသနာပါတဲ့Model လေးတစ်ယောက်နဲ့ Hotel ပိုင်ရှင် CEO လေးရဲ့ ချစ်ဇာတ်လမ်း... ဆံပင်ခွေခွေလေးတွေရော..အဲ့ဒီကြွတ်မြှီးလေးရော...ကလေးမျက်နှာ လေးနဲ့ စူးရှတဲ့ မျက်ဝန်းတောက်တောက်ကလေးတွေရော...။ဘယ်ဘက်လက်မက လက်ပွားလေးကိုရော...။တအားလွမ်း...