မောင့်သည်းညှာရှင် အပိုင်း ၁၈

9K 805 38
                                    

Uni

မောင့်သည်းညှာရှင် အပိုင်း ၁၈

သည်းညှာ ဒီနေ့မနက်သက်သာလာပြီမို့ဆေးရုံဆင်းလို့ရပြီ..။ကိုယ်တွေလက်တွေက ဒဏ်ကျန်နေပြီးနာနေသေးတာမို့...ကောင်းကောင်းအနားယူဖို့ ဆရာဝန်ကပြန်ခါနီးမှာကြားလာသည်..။

ဆေးရုံ၀တ်စုံကိုလဲလှယ်ကာ လူနာခန်းထဲက ထွက်တော့ ဖြတ်လျှောက်လာတဲ့ဘေးကပ်ရပ်အခန်းကို ကြည့်ကာ ရင်ထဲလွမ်းသလိုလို..။၀ဲတက်လာတဲ့မျက်ရည်စတွေနဲ့ တဆစ်ဆစ်နာလာတဲ့ရင်ဘက်ကြောင့် သည်းညှာကိုယ့်ကိုယ်ကိုယ်ဘာဖြစ်နေလဲနားမလည်နိုင်...။နာကျင်လွန်းတာမို့ ရင်ဘက်ကိုအသာဖိကိုင်မိတော့ မိခင်ဖြစ်သူကအသာတွဲကိုင်ကာ...

''ဘယ်နားကနာလို့လဲသား...တစ်ခုခုဖြစ်လို့လား..''

ဒေါ်သဲသဲနှစ် သားဖြစ်သူက လမ်းလျှောက်နေရာက ရပ်ကာ တိုင်းလေးအခန်းကိုငေးနေတာမို့...တစ်ခုခုသတိရလာသည်အထင်ဖြင့်မေးကြည့်လိုက်သည်...။

''မေမေ...သူကဘာဖြစ်တာလဲဟင်...အင့်..သားလေ ဒီနားကနာပြီး ငိုချင်နေသလိုကြီး..ဘာဖြစ်တာလဲမသိဘူး..''

တိုင်းလေးကို ငေးကြည့်နေရင်း မျက်ရည်တွေကျနေတဲ့ သားငယ်ကိုကြည့်ကာ သူမ မျက်ရည်တွေဝဲရပါပြီ...။ဦးနှောက်က မေ့နေပေမယ့် နှလုံးသားက ခံစားမိနေတာ ဖြစ်မှာပေါ့..။

''ကဲပါ..လာ သား....သားဖေဖေကရန်ကုန်ပြန်ရအုံးမှာ...''

ဒေါ်သဲသဲနှစ်လေးပင်စွာသက်ပြင်းတစ်ချက်ချရင်း သားဖြစ်သူ လက်မောင်းလေးအားတွဲကူပြီး ခါးလေးကိုပွေ့ဖက်ကာ ထိုအခန်းရှေ့မှ ဆွဲခေါ်လာခဲ့လိုက်သည်..။

ဦးညီလတ်သော် သားငယ်ပြန်သွားသည်နှင့် တိုင်းလေးကိုသယ်ကာ စက်ာပူလေဆိပ်ကိုအမှီပြေးရတော့သည်..။

စင်္ကာပူထိ သူကိုယ်တိုင်လိုက်ပို့ပြီး ညီဖြစ်သူတာ၀န်ထမ်းဆောင်သည့်ဆေးရုံ၌အခန်းတစ်ခုယူကာ Nurse တစ်ယောက်ကိုပါ ငှားပေးခဲ့လိုက်သည်..။

ကုတင်ပေါ်လဲအိပ်ကာငြိမ်သက်နေသည့် တိုင်းလေး ဘေးနားဝင်ထိုင်လိုက်ရင်း....ကွဲရှရာဆွေပြည့်နေတဲ့လက်ကိုဆုပ်ကိုင်လိုက်ကာ...

မောင့်သည်းညှာရှင် (Completed)Where stories live. Discover now