Uni
မောင့်သည်းညှာရှင် အပိုင်း၁၁
တိုင်း ပုစိနဲ့ပြဿနာဖြစ်ခဲ့တဲ့ဟိုတနေ့ညနေကတည်းက ဆရာတော်ဘဘုန်းက ကျောင်းကို ခဏပြန်လာဖို့ခေါ်တာကြောင့် ခွင့်ယူပြီးပြန်သွားရသည်..။
ဘဘုန်းဆေးရုံတက်ရတာကြောင့် ပြန်ရောက်တဲ့နေ့ကတည်းက ဝေယာ၀စ္စအားလုံးပြင်ဆင်ပေးနေရသည်မို့ သူ ဘယ်လိုမှမအား..။တိုင်း ဒီလိုပညာတက်တစ်ယောက်ဖြစ်လာအောင် ဒီဘဘုန်းကကျောင်းထားပေးသည်မို့ အဖေလို ဦးလေးလို ချစ်ကြောက်ရိုသေရသူ....။ဒါကြောင့် မျက်နှာလွဲမနေနိုင်ပေ...မထားရက်ပေ။တိုင်းအတွက် ဆွေမျိူးဟုဆိုဖွယ်ရာ ဒီဘဘုန်းသာရှိသည်မဟုတ်လား....။
ဆေးရုံမှာရောက်နေတဲ့ဒီရက်အတွင်း တိုင်းမှာ လုပ်သမျှအရာအားလုံး အလွဲလွဲ အမှားမှား..။ပုစိကို စိတ်ကရောက်နေတာကြောင့် ခဏခဏသတိလွတ်ပြီးမနည်းစိတ်တင်းပြီးခါထုတ်နေရသည်..။ခုလည်းဆေးရုံဆင်းလက်မှတ်ယူရမည့်အခန်းကိုကျော်သွားမိသည့်အဖြစ်...။
ဆေးရုံဆင်းလက်မှတ်ယူပြီးနောက် ကျသင့်ငွေရှင်းပြီးဘဘုန်းကို ကျောင်းဆီပြန်ပို့လိုက်သည်...။ထူထူထောင်ထောင်ဖြစ်လို့ ဘဘုန်းအနားမှာနေပေးမည့် ဘဘုန်းရဟန်းဒကာကြီးရောက်လာမှ တိုင်း Ent ကဝယ်ပေးထားတဲ့ ဆိုင်ကယ်ကို ခွကာပြန်ဖို့ပြင်လိုက်သည်..။
ဆိုင်ကယ်ပေါ်တက်ပြီး အချိန်အတော်မျှပစ်ထားမိခဲ့သောဖုန်းကိုသတိရကာ စမ်းကြည့်တော့ပါမလာ...။အိပ်ယာဘေးကျန်နေခဲ့တာဖြစ်နိုင်တာကြောင့် ပြန်ဆင်းယူလိုက်ပြီးဖုန်းဖွင့်ကြည့်လိုက်တော့ Miss callတွေက ရဲရဲနီလို့... ။
ဖုန်းစိမ်းတစ်လုံးလည်း ဝင်ထားသည်..။ကိုပြည့်လည်းခေါ်ထားသည်..။ကိုလေရာလည်း ခေါ်ထားသည်..။လူစုံခေါ်ထားတာမို့ မျက်မှောင်အသာကြုံမိရင်း...ဘာတွေဖြစ်လို့ပါလိမ့်ဟုတွေးမိတော့ တစ်စုံတစ်ယောက်ကိုသတိရပြီးစိုးရိမ်စိတ်တို့ရောပြွန်းကာ ကိုပြည့်ဆီ ဖုန်းအရင်ခေါ်လိုက်သည်..။
''ဟလို..ကိုပြည့် ဖုန်းတွေခေါ်ထားလို့..ဘာတွေဖြစ်...''
''တိုင်း..မင်းအမြန်ပြန်လာခဲ့အုံး..''
YOU ARE READING
မောင့်သည်းညှာရှင် (Completed)
Romanceတတိယ fic.. Cover song ဆိုရတာဝါသနာပါတဲ့Model လေးတစ်ယောက်နဲ့ Hotel ပိုင်ရှင် CEO လေးရဲ့ ချစ်ဇာတ်လမ်း... ဆံပင်ခွေခွေလေးတွေရော..အဲ့ဒီကြွတ်မြှီးလေးရော...ကလေးမျက်နှာ လေးနဲ့ စူးရှတဲ့ မျက်ဝန်းတောက်တောက်ကလေးတွေရော...။ဘယ်ဘက်လက်မက လက်ပွားလေးကိုရော...။တအားလွမ်း...