မောင့်သည်းညှာရှင် အပိုင်း ၂၁

9.7K 806 47
                                    

Uni

မောင့်သည်းညှာရှင် အပိုင်း ၂၁

ညစာစားပွဲသွားဖို့သည်းညှာကအသင့်ဖြစ်နေပေမယ့်မောင်ကတော့ အီလေးဆွဲပြီးပျင်းနေဆဲ...။အတင်းဆွဲထူပြီးပြင်ဆင်ခိုင်းတာတောင် ကလေးတစ်ယောက်လိုဟိုဟာလုပ်ပေးပါအုံး ဒီဟာလုပ်ပေးပါအုံးနဲ့ရစ်လို့မပြီး...။ကလေးမဟုတ်တော့ရိုက်ရမှာလည်းအခက်သားလား...။

ဒီညစာစားပွဲက မောင့်ရဲ့သရုပ်ဆောင်လောကEnt နဲ့သက်ဆိုင်တဲ့ပွဲဖြစ်တာကြောင့် ပိုင်ရှင်ဖြစ်တဲ့ သည်းညှာရော မောင်အပါအ၀င်လက်ရွေးစင်နှစ်ယောက်လုံးကိုပါ ဖိတ်ကြားခံရသည်..။ရှင်းရှင်းပြောရရင် အနုပညာရှင်တွေ ဆုံတွေ့ကြသည့်ပွဲပေါ့...။

''ကိုကို မောင့်ကို ကြောင်လျှာသီးချည်ပေးအုံး..အဟီး...''

သည်းညှာ ရစ်မပြီးနိုင် ခိုင်းလို့မပြီးနိုင်ဖြစ်နေသူကို မျက်ခွံပင့်ကြည့်ကာမျက်စောင်းထိုးလိုက်ပြီး..

''ပြောင်စပ်စပ်နဲ့ မျက်နှာပိုးကိုမသေဘူး..လာဒီကို...ဒီနေ့ ပြင်လို့ပြီးအုံးမှာလား...မောင်မသွားလို့မရတဲ့ပွဲနော်....ပျင်းကြောဆွဲမနေနဲ့....''

''ပြွတ်..မွ...မွ...မောင့်ကိုဆူနေတာလေးကိုချစ်လိုက်တာ....ပြွတ်..မွ..''

Necktieကိုအသေအချာချည်ပေးနေသည့် သည်းညှာကို တမွမွ နမ်းရင်းအချိန်ကြာအောင်လုပ်နေသူကြောင့် စိတ်ကတဖြည်းဖြည်းတိုလာရသည်...။

''ငြိမ်ငြိမ်နေပါလို့..ဘယ်လိုဖြစ်နေတာတုန်း...မောင်''

''ချစ်လို့ကိုမဝဘူး...ဘယ်လိုနေနေချစ်နေရတာ...''

''အင်း...ငါလည်းတူတူပဲ...ကဲ...ခန့်သွားပြီ..''

အက်ျီတို့ကို ဆွဲဆန့်ပေးရင်း မောင့်မေးဖျားဆီခြေဖျားလေးထောက်ကာနမ်းလိုက်သည်..။ပျော်ရွှင်သွားသည့်မျက်နှာက သကာရည်ရော ပျားရည်ရော လောင်းချခံထားရသည့်အတိုင်းချိုမြမြအပြုံးတို့ဆင်မြန်းပြီး တိုင်း လက်မှနာရီကိုမြှောက်ကြည့်လိုက်သည်...။အချိန်အားဖြင့် ၆နာရီမတ်တင်းပြီမို့ ဖုန်းကိုဘောင်းဘီအိတ်ကပ်ထဲထည့်ပြီး ကိုကို့လက်ကိုတယုတယထွေးဆုပ်ကာ...

မောင့်သည်းညှာရှင် (Completed)Where stories live. Discover now