Arc 1.6 End

409 52 0
                                    


           ဘရေ့ရဲ့မိဘနှစ်ပါးလဲ ကိစ္စအကုန်ကို ကြားသိရသောအခါ ဆက် ကိုလုံးဝမသနားတဲ့အပြင် တရားစွဲလို့မရအောင်ပါ ပြုလုပ်ထားပေသည်။

        ပြီးနောက် သူတို့နှစ်ယောက်သည် Mona အိမ်ရှေ့သို့ရောက်လာပြီး တွေ့ခွင့်တောင်းလေသည်။ Mona ကလုံးဝ ထွက်တွေ့ခြင်းမပြုပေ။ တွေ့ခွင့်မပေးတာ သုံးရက်မြောက်နေ့မှာတော့ သူတို့နှစ်ဦး သည်းမခံနိုင်တော့ပဒ အော်ဟစ်ပြောဆိုလာကြတော့သည်။

     "ယုအာ နင်ဘာအချိုးချိုးတာလဲ"
    
     "နင်ငါတို့ကို ရှယ်ယာတွေ အခုချက်ချင်းပြန်ရောင်း"

    "ကောင်မ နင်နောင်မှ နောင်တမရနဲ့"

    Monaကတော့သူတို့အသံကို နားကြားတဲတောင် လေမတိုးပေ။ ခဏကြာမှ လုံခြုံရေးတွေ အားခါ်ပြီး ဆွဲခေါ်ထုတ်သွားစေခဲ့တယ်။ ဆွဲခေါ်သွားတဲ့အချိန်မှာလဲ ပါးစပ်က မနားတမ်းအော်ဟစ်သွားကြလေသည်။ တစ်ချိန်က ဂုဏ်သရေရှိ လူကြီးလူကောင်းဆိုတဲ့ ဂုဏ်လေးတောင်ဘယ်ကျန်ခဲ့လေသလဲ။

       Mona အား အရင်က ကျောင်းသားဟောင်းများတွေ့ဆုံပွဲ လှောင်ပြောင်နေခဲ့ကြသူများလည်း Mona အကြောင်းသိကြပြီး Mona ရဲ့ယု လုပ်ငန်းစုနဲ့စာချုပ် ချုပ်ခွင့်ရရန် အသည်းအသန်တစ်ယောက်ပြီး တစ်ယောက် အပြိုင်အဆိုင်လာတွေ့ကြလေသည်။ Mona ကတာ့ဟန်ဆောင်မနေတော့ပဲ အားလုံးကို မတူသလိုမတန်သလိုသာပြန် ဆက်ဆံပြီးအကုန် မောင်းထုတ်လိုက်လေတော့သည်။ အကုန်လုံးဟာ သူတို့မကပ်သင့်တဲ့သူကိုကပ်မိပြီး အပြစ်မပြုသင့်တဲ့သူကို အပြစ်ပြုမိလို့ နောင်တရနေကြလေသည်။

      တစ်လလောက်ကြာပြီးတဲ့နောက်မှာတော့ ကိစ္စတွေအားလုံးဟာ ငြိမ်သက်သွားခဲ့လေသည်။ ဘရေ့ကတော့ စိတ်ဓာတ်ကျပြီးအရက်သမားလုံးလုံးဖြစ်ကာ လူချမ်းသာအသိုင်းအဝိုင်းမှာဝင်မဆံ့တော့တဲ့သူဖြစ်သွားခဲ့သည်။ပြီးတော့ အရက်သောက်နေရင်းနဲ့လဲ ယုအာ တောင်းပန်ပါတယ် ငါနောင်တရပါပြီ ပြန်လာခဲ့ပါ ဆိုတဲ့စကားတွေကို တဖွဖွပြောနေခဲ့တယ်တဲ့လေ။ ဘရေ့မိဘတွေကတော့ ရှယ်ယာတွေကျန်သေးတယ်ဆိုပေမယ့် ဘရေ့ရှုပ်ထားတာတွေလိုက်ရှင်းပေးရင်း 5% သောရှယ်ယာသာကျန်ရှိတော့ပြီး အမေဖြစ်သူကတော့ သားစိတ်နဲ့ပဲ အိပ်ယာတဲလဲနေလေသည်။ အရင်လို မောက်မာထောင်ကြွားနေဖို့ဆိုတာ အဝေးဆုံးမှာကျန်ခဲ့လေပြီ။

Just U (System)Where stories live. Discover now