Unicode
"နိုးလာပါပြီလား မမလေး" စိုးရိမ်တဲ့အသံလေးဖြင့် ပြောလာလေသည်။ ဟွားဟွားရဲ့ အပါးတော်မြဲကောင်မလေးတွေက သူတို့မမလေးတွက် ဝမ်းနည်းနေကြလေသည်။
"အင်း ခဏကြာရင် ခရီးဆက်မယ် ပြင်ဆင်ထားကြတော့"
"ဟုတ်ကဲ့ပါ မမလေး ×2"
မမလေးပုံစံက အရင်လိုပြန်ဖြစ်လာပုံ ရတဲ့အတွက် သူတို့ စိတ်အေးသွားကြလေသည်။ဟွားဟွားတို့က အခု ရန်ဂျို နိုင်ငံတော် သို့ သွားနေခြင်းဖြစ်သည်။ ရန်ဂျို နိုင်ငံတော်က အင်မတန် အင်အားကြီးပြီးစည်ပင်သာယာသောနိုင်ငံဖြစ်သည်။ သူမတို့က အထည်အလိပ်များကို ကုန်သွယ်ရန်လာခဲ့ခြင်းဖြစ်လေသည်။
Mona လဲ ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး တဲအပြင်သို့ထွက်လာလိုက်လေသည်။ သူမထွက်လာတော့အကုန်တိတ်ဆိတ်သွားပြီး သူမကို သနားတဲ့အကြည့် စိတ်ပူတဲ့အကြည့်တွေနဲ့ ကြည့်နေကြလေသည်။ Mona ကအပြုံးလေးဖြင့်
"အဆင်သင့်ဖြစ်ကြပြီလား"
Monaရဲ့အပြုံးလေးနဲ့ အရင်လိုပြတ်သားရဲရင့်တဲ့အသံလေး ကြားရတဲ့အခါ သူတို့မမလေးအတွက် စိတ်အေးသွားကြလေသည်။နောက်ဆုံးတော့ မမလေးက ဟန်ယုမင်းသား ကိုစိတ်တဲကထုတ်နိုင်ခဲ့ပြီဟုထင်ကြလေသည်။သူတို့မသိတာက သူတို့ရဲ့အခုမမလေးက အဲ့ဒီ ခွေးကောင်မင်းသားကို ခေါင်းတဲတောင်မထည့်တဲ့အပြင် ရှိလေတယ်လို့တောင်မတွေးတော့တာပင်ဖြစ်သည်။
ခရီးဆက်ထွက်လာကြလေသည်။ Mona က ဝေါယာဥ်ပေါ်ကနေပြီး အပြင်ကိုငေးရင်းစိတ်အပန်းဖြေနေလေသည်။ Mona ဝင်ထားသော ကိုယ်ဟွားဟွား မှာအလွန်လှပလေသည်။ အဲ့တာကြောင့် လက်အောက်ငယ်သားတွေလည်း Mona အပြင်ကိုငေးနေတဲ့ပုံကိုကြည့်ပြီး သူတို့ရင်တဲအလွန်အေးချမ်းပြီး အလွန်ပင်ကာကွယ်ပေးလိုစိတ်များဖြစ်ပေါ်စေလေသည်။
Mona တစ်ယောက် အပြင်ကိုငေးနေရင်း အကြည့်က တစ်နေရာ၌ရပ်သွားလေသည်။ ထိုနေရာ၌ ၅နှစ်၆နှစ်အရွယ်ကလေးတစ်ယောက်ရှိနေလေသည်။
"ခဏ ရပ်လိုက်"
"ဟုတ်ကဲ့ပါ မမလေး"
Mona ဝေါယာဥ်ပေါ်က ဆင်းပြီး အဲ့ဒီကောင်ကလေးနားလျှောက်သွားလေသည်။
YOU ARE READING
Just U (System)
Ficción General"ရှင်ဖြစ်နေခဲ့တာလား" "အမြဲတမ်းပါပဲ" မတော်တဆမှူတစ်ခုကြောင့် မြောနေရင်း Systemနဲ့ချိတ်ဆက်မိသွား သောအခါ ဘယ်လိုတွေလက်စားချေပေး မှာလဲ single ရာထူးကိုရောရင်ဝယ်ပိုက်ထားအုံးမှာလား ချစ်ရတဲ့သူရော ရှိလာမှာလား...... Start Date - 4 July 2021 End Date - Own crea...