Arc 2.5

308 40 8
                                    

Unicode

"ဟွားဟွား....ဟွားဟွား.."

Monaသည်အနောက်မှ ဟန်ယုခေါ်သံကိုမကြားချင်ယောင်ဆောင်ကာနေလေသည်။ သူမသိတာပေါ့ လိုက်လာမယ်ဆိုတာ ဒါကြောင့်လဲ သူမှီအောင် ထွက်လာကတည်းက လမ်းကိုဖြည်းဖြည်းလျှောက်တာပေါ့။ ပြီးတော့ နောက်တစ်ခုက မိန်မိန်က အခြားအကွယ်နေရာကနေ သူမတို့နှစ်ယောက်ကို ကြည့်နေတယ်ဆိုတာကိုပင်။

ဟန်ယုတစ်ယောက် Mona ကိုမှီလာပြီးMonaလက်ကိုဆွဲလိုက်လေသည်။

"ဟွားဟွား ကိုယ့်ကိုဘာလို့မစောင့်တာလဲ"

"မသင့်တော်ပါဘူးမင်းသား လက်ကိုလွှတ်ပေးပါ"

ဟန်ယုလည်း လက်ကိုလွှတ်ပေးလိုက်လေသည်။

"ဟွားဟွား ကိုယ့်ကိုစိတ်ဆိုးနေတာလား ဒါကမိဘတွေစီစဥ်တာပါကွာ ကိုယ်ကမင်းတစ်ယောက်တည်းကိုသာချစ်တာပါ"

Monaကတော့ စိတ်ထဲမှာ တော်တော်အူတတ်နေပြီဖြစ်လေသည်။ ဒီကောင်ဟာသပဲ။ ဒီစကားကို အရင်က ဟွားဟွားကို ပြောခဲ့ခြင်းဖြစ်သည်။ ဒါပေမယ့် ဒီနေရာမှာမဟုတ်သလို မိန်မိန်ကလည်းကြည့်နေဖို့ နေနေသာသာ သိတောင်မသိခဲ့ပေ။ Monaကြောင့် ဇာတ်ကွက်ပြောင်းလဲသွားခြင်းဖြစ်သည်။ ဒီမင်းသားက ရူးနေတာပဲ နန်းတောင်ထဲမှာ မျက်လုံးတွေများတာကို ဒါလည်းငါ့အတွက်ကောင်းတာပဲ။

Monaက မျက်နှာကို ငယ်လိုက်ပြီး ကြေကွဲဖွယ်အသံဖြင့်

" မင်းသား ဒီလိုပြောတာမသင့်လျော်ပါဘူး ကျေးဇူးပြု၍ဆင်ခြင်ပေးပါ ပြီးတော့ ကျွန်တော်မျိုးမတို့ကိစ္စက ပြီးဆုံးသွားပြီ မဟုတ်လား"

ဟန်ယု ခဏငြိမ်သွားလေသည်။ ထိုခဏကိုMonaတစ်ယောက် ဟန်ယုကိုတစ်ချက်ကြည့်ပြီး မငိုမိအောင်ထိန်းထားတဲ့ပုံစံဖြင့် မျက်ရည်ဝိုင်းပြီး သနားဖွယ်အသံလေးဖြင့်

"စည်းထားသင့်ပါပြီ သွားခွင့်ပြုပါ" ထိုသို့ပြောပြီး မပြေးရုံတမယ်ဖြင့် ပြန်လာခဲ့လိုက်လေသည်။

ဟန်ယုကတော့ အဲ့နေရာမှာပဲ ငြိမ်ပြီးကျန်ခဲ့လေသည်။ သူပြောဖို့ပြင်လိုက်တဲ့အချိန်မှာ Mona ကမရှိတော့ပေ။ အခြားနေရာကကြည့်နေတဲ့ မိန်မိန်ကတော့ တောက် တစ်ချက်ခတ်ပြီး သူမအဆောင်သို့ ပြန်သွားလေသည်။

Just U (System)Where stories live. Discover now