Arc 2.7

284 43 3
                                    

Unicode

  အခုဆိုရင် ကြိုဆိုသူတွေနဲ့ ရန်ဂျိုနိုင်ငံက လူတွေက ယာယီဧည့်ခံဖို့ ပြင်ဆင်ထားတဲ့အဆောင်မှာ ထိုင်ပြီး စကားပြောနေကြလေသည်။ အားလုံးအေးဆေးနေပေမယ့် တစ်ယောက်သောသူကတော့ အပေါက်ဝကိုပဲကြည့်နေပြီး ဖင်တကြွကြွဖြစ်နေလေသည်။ ထိုအချိန်၌ သူမျှော်နေသော သူ့မမဝင်လာလေသည်။ ကျိုးရန်လည်း စောနက မောက်မာထောင်လွှားနေတဲ့မင်းသားအသွင်ကနေ မောင်ငယ်လေးအသွင်သို့ပြောင်းပြီး Mona နားသို့ အပြေးရောက်လာလေသည်။

"မမ ကို ကျွန်တော်စောင့်နေတာ"

"ဒီမှာ မင်းသားလေးအတွက် မုန့်တွေလုပ်နေလို့ပါ"

ပြုံးပျော်ပြီး ပြောနေကြတဲ့သူတို့နှစ်ယောက်ကို ကျန်ရှိနေသူအပေါင်းက
ကြည့်နေလေသည်။ သူတို့စိတ်ထဲ၌ အပြောင်းအလဲ မြန်သောမင်းသားအကြောင်းကိုသာ တွေးနေကြလေသည်။

ထို့နောက် Mona လည်း သူမထက်ရာထူးမြင့်သူများကို အရိုအသေပြုပြီး သူမထိုင်ဖို့နေရာ ရှာနေလိုက်တော့သည်။သို့သော်မတွေ့ပါ အေးပေါ့လေ သူမ မလာဘူးလို့ထင်မှတ်ထားကြတာကို။ ဒါကိုမြင်သော အိမ်ရှေ့စံက သူ့ဘေး၌လာထိုင်ရန်ခေါ်လိုက်လေသည်။ အခုဆိုရင် Mona ထိုင်သောနေရာက ဘုရင်နှင့်အိမ်ရှေ့စံပြီးရင် အမြင့်ဆုံးနေရာဖြစ်သည်။ ဒါကိုမြင်သော အမတ်များအချို့နှင့်ဟန်ယု ၊ မိန်မိန် တို့၏မျက်မှာများပျက်သွားကြလေသည်။ သူမအတွက်ဒီမှာနေရာမရှိဘူးဆိုတာ ပြချင်ပေမယ့် အခုတော့သူတို့ထက်အမြင့်ကိုရောက်နေပြီလေ။

အားလုံးကိုယ်စီ အဆောင်တွေ အိမ်တွေစီပြန်သွားကြလေပြီ။ တစ်ခုသောအခန်းတွင်း၌တော့အခြေအနေမကောင်းပေ။ ထိုအခန်း၌ ဟန်ယုနှင့်သူ့ကိုထောက်ခံသူများရှိနေလေသည်။

"ဒါဘယ်လိုတောင် အသုံးမကျမှုမျိုးလဲ"

"မင်းသားစိတ်လျော့ပါ"

"ဘယ်လိုစိတ်လျော့ရမှာလဲ တစ်ခုမှမအောင်မြင်ဘူးလေ ပြီးတော့ အစ်ကိုတော်အပေါ် အမြင်ကောင်းတွေရှိနေပြီ ဟွားဟွားကရော ဘယ်ကနေပေါ်လာတာလဲ"

"ဒီနေ့တွက် ကိစ္စက လစ်ဟင်းသွားပေမယ့် ပွဲနေ့ကျန်ပါသေးတယ် ဒီတစ်ခါ သူတို့ငိုရမဲ့ အလှည့်ပါ"

"ဟုတ်ပါတယ် မင်းသား"

"စိတ်လျော့ပါ မင်းသား"

"ကောင်းပြီ အကုန်ပြန်ကြတော့"

တစ်ဖက်မှာတင်းမာနေပေမယ့် ဒီမှာတော့ ပျော်ရွှင်သံတွေသာကြားရလေသည်။

"ဟားဟားဟား.... တွေ့လိုက်စေချင်တယ် ဟန်ယုတို့ဖြစ်သွားတဲ့မျက်နှာကို ဒီတစ်ခါတော့ ဟွားဟွားအပေါ်အကြွေးတင်သွားခဲ့ပြီ"

"မဟုတ်တာ ဒါကျမ လုပ်ရမယ့်ကိစ္စပါ"

"ငါ့ကို ဆေးခပ်မယ်ဆိုတာ ဘယ်လိုသိတာလဲ"

System ကြောင့်သိတာလို့တော့ Mona ဘယ်ပြောလိမ့်မတုန်း

"အကုန်သိတာက မကောင်းစေဘူးနော်"  Mona အပြုံးလေးဖြင့်ပြောလိုက်လေသည်။

"ဟုတ်ပါပြီ ဟုတ်ပါပြီ ဒါနဲ့ ဟွားဟွား.....အဟမ်း ကိုယ်တော်ပြောထားတဲ့ကိစ္စလေး"

"ပြောထားတဲ့အတိုင်းပါပဲ နေရာသစ်တွေစီသွားပြီး စူးစမ်းချင်လို့ တစ်နေရာတဲမှာပဲ မနေလိုပါ နားလည်ပေးမယ်လို့ထင်ပါတယ်"

"ဟုတ်ပြီ ကိုယ်တော်နားလည်ပြီ ဟွားဟွား...အကူအညီလိုလာတိုင်း ပြောပါ ကိုယ်တော် စွမ်းသလောက်ကူပါမယ်"

"ဟုတ်ပါပြီ မှတ်ထားလိုက်ပါမယ်"

သူတို့နှစ်ယောက် ပြောနေတဲ့ကိစ္စသည်ကား ဟန်ဂုက ဟွားဟွားကို လက်ထပ်လိုကြောင်းပြောထားခြင်းဖြစ်သည်။ ဟန်ဂုတစ်ယောက် အများနဲ့မတူ တမူထူးနေပြီး အရည်အချင်းရှိကာ လှပသော ဟွားဟွားကို စိတ်ဝင်စားမိသည်မှာ မငြင်းသာပေ။ သို့သော်ဟွားဟွားက ငြင်းထားပေသည်။

Mona သည် အိမ်ရှေ့စံ ဟန်ဂုနဲ့ပြောဆိုပြီး နန်းတော်၌သူမအားနေရန်ပေးထားသော အဆောင်သို့ပြန်လာလိုက်လေသည်။

ထိုနန်းဆောင်တွင်တော့ ရောက်နှင့်နေသော ဧည့်သည်တစ်ယောက်ရှိလေသည်။ ထိုသူကားအဆိုးလေး ကျိုးရန် ပင်ဖြစ်သည်။

ရောက်လာသောအကြောင်းပြချက်သည်ကား မသိတဲ့သူတွေများတဲ့ နန်းတော်ကြီးမှာ သူ့အား အနိုင်ကျင့်မည်စိုး၍ သူမနှင့်အတူလာနေခြင်းဖြစ်ကြောင်းပေ။ Mona ထိုစကားကြားပြီး အကျယ်ကြီး အော်ရယ်မိလေသည်။ သူ့ကိုအနိုင်ကျင့်မှာလား သူကအနိုင်ကျင့်မှာလား။

Mona လည်းသူနှင့် ညနက်တဲ့အထိ အဖော်ပြုပေးကာ အတင်းချော့ပြီး သူ့နန်းဆောင်စီပြန်ပို့ပေးလိုက်လေသည်။ ထို့နောက် Mona တစ်ယောက်အိပ်ခြင်းစီသို့ ရောက်သွားလေပြီ။



---------------------

နောက်တစ်ပိုင်းဆို ဇာတ်သိမ်းပါပြီ
ကျန်းမာရေး ဂရုစိုက်ကြပါ💫✨

---------------------

Just U (System)Where stories live. Discover now