Arc 2.6

295 37 2
                                    

Unicode

ထိုအလည်သွားခြင်းအကြောင်းကို ဟန်ယု သိသောအခါ ဟန်ယုသည်တစ်ခုခု ဆုံးရှုံးသွားရတယ်လို့ ခံစားရသလို ဒေါသလည်းထွက်နေလေသည်။ ပြီးတော့ ဟန်ယုသည် မိန်မိန် နှင့် အိပ်ဆောင်မဝင်သည်မှာ တစ်လပင်ရှိလေသည်။

ထိုအကြောင်းမှာ နန်းတွင်းသူများကြား၌ အတင်းပြောစရာတစ်ခုပင်ဖြစ်လာသည်။ သို့သော် အပြင်သို့တော့ မပေါက်ကြားပေ။အဆုံးမှာ မိန်မိန်သည် စစ်သူကြီးသမီး ပင်ဖြစ်နေသသည် မဟုတ်ပေလား။ Mona ကတော့ ထိုအကြောင်းတွေကို System ကြောင့်သိထားပြီးဖြစ်သည်။

တစ်ဖက်တွင်လည်း ရန်ဂျိုနိုင်ငံကလာလည်သူများကိုဧည့်ခံပွဲကျင်းကပေးရန်တာဝန်ကို အိမ်ရှေ့စံမင်းသာ ဟန်ဂု ကိုပေးအပ်ထားလေသည်။

ဟန်ယု နှင့် သူ၏ထောက်ခံသူများက ထိုပွဲတွင်ပြသနာဖန်တီးပြီး အိမ်ရှေ့စံကို နန်းချကာ ဟန်ယုက နာမည်ကောင်းဝင်ယူမည်ဖြစ်သည်။နောက်တစ်ပတ်ထဲတွင် ထိုပွဲကျင်းပတော့မည်ဖြစ်သည်။ သေချာတာပေါ့ ထိုအကြံအစည်ကို Mona သိလေသည် System အကူအညီနဲ့ပေါ့။

ရန်ဂျိုနိုင်ငံမှာ လာလည်သူများက ပွဲမတိုင်မှီ တစ်ရက်ကြိုရောက်မည်ဖြစ်သည်။

တစ်ခုသော မနက်ခင်း

နန်းတော်အပေါက်ဝ၌လူစုံနေလေသည်။ အကြောင်းမှာ ရန်ဂျိုနိုင်ငံမှ လည်လာသူများကို ကြိုရန်ဖြစ်သည်။ ပြီးတော့ ဘုရင် ကိုယ်တိုင်ပါမည်ဖြစ်ကြောင်းလည်းရှေ့ပြေးသီတင်းအရသိထားသည်။

"ဘုရင် ကိုယ်တိုင်လာမှာလား"

"သူ့သားအငယ်ဆုံးလည်းပါတယ်တဲ့"

"ဟင် အရမ်းဆိုးတယ်ဆိုတဲ့တစ်ယောက်လား"

"ဒါနဲ့ အိမ်ရှေ့စံ ကိုလည်းမတွေ့ရပါလား ပြီးတော့ ကုန်သည်ခေါင်းဆောင်ရောပဲ"

ထိုစကားကို ဟန်ယုနဲ့သူ့နောက်လိုက်အမတ်တွေကကြားတော့ ကျိတ်ပြုံးကြလေသည်။ ပထဆုံး တွေ့ဆုံမှုမှာတဲက အမှားပါအောင်လုပ်ထားခြင်းဖြစ်သည်။ အိမ်ရှေ့စံ ဟန်ဂု ကို ဝမ်းနှုတ်ဆေးခတ်ထားပြီး ဟွားဟွားကိုတော့ တမင်သီတင်းမပို့ထားခြင်းဖြစ်သည်။

Just U (System)Where stories live. Discover now