Arc 2.3

303 45 0
                                    

Unicode

"မမ"

"ရောက်လာပြီလား ဝင်ခဲ့လေ"
Mona အသံကြားမှ အပြေးလေး အခန်းတွင်းသို့ ဝင်လာခဲ့လိုက်လေသည်။ ကျိုးရန်ကိုမြင်ကြသောအခါ အခန်းတွင်း ရှိသမျှလူများက 'မင်းသားလေး' ဟုခေါ်ကာ ဒူးထောက်အရိုအသေပေးကြလေသည်။ ကျိုးရန်မှာ သူတို့အား ပြန်မပြောအားသေးပဲ Mona စိတ်ဆိုးနေမလားဟုထင်ပြီး Mona မျက်နှာအား စိုးရိမ်တကြီး ကြည့်နေလေသည်။

Mona ကတော့ သူမအားလာကြည့်သည်ကို သူမအား ဒူးထောက်အရိုအသေမပြုလို့ ကြည့်နေတယ်ထင်ပြီး ဒူးထောက်လိုက်လေတော့သည်။

ထိုအခါမှ ကျိုးရန်က အလျှင်အမြန် Mona အားဆွဲထူပြီး 'ထကြတော့' ဟုပြောလိုက်လေသည်။

မင်းသားလေးကို ခေါ်သွားကြပြီဖြစ်လို့ အိမ်တော်ကြီးက တိတ်ဆိတ်သွားလေသည်။ မပြန်ခင် Monaအား နန်းတော်တဲသို့ ဖိတ်ခေါ်စာဖြင့် ဖိတ်ခေါ်ထားလေသည်။ အဆင်ပြေတဲ့အချိန် လာလို့ရကြောင်းလဲ ထပ်ပေါင်း ပြောသွားလေသည်။

"မမလေး မနက်ဖြန် နန်းတော်တဲသို့ သွားဖို့ ပြင်ဆင်ထားလိုက်ရတော့မလား"

"ဘယ်သူက မနက်ဖြန်သွားမယ်ပြောလို့လဲ "

"ရှင်"

  "သွား....ကိုယ့်ဘာသာလုပ်စရာရှိတာသွားလုပ်တော့"

"ဟုတ်ကဲ့ပါ မမလေး×2"

အချိန်အားဖြင့် တစ်ပတ်လောက်ကြာသွားပြီးတဲ့နောက်မှာတော့ ပါလာတဲ့ ပစ္စည်း တစ်ဝက်ကရောင်းချလို့ ပြီးသွားပြီဖြစ်သည်။ ဒီပုံစံ အတိုင်းသာဆို စောစောပြန်လို့ရပြီဖြစ်သော်လည်း Mona ကတော့ ကျက်သရေတုံးတွေကို မမြင်ချင်သေးတဲ့အတွက် အနည်းဆုံးတစ်လလောက် အချိန်ဆွဲနေမည်ဟုသာ တွေးထားလေသည်။ ပြီးတော့ နန်းတော်ထဲသို့ ဖိတ်ခေါ်စာ နောက်တစ်စောင်ရောက်ရှိနေပြန်ပြီဖြစ်သည်။ ဒီတစ်ခါတော့ Mona အချိန်မဆွဲတော့ပဲ နန်းတော်ထဲသို့ ဝင်ရန်ပြင်ဆင်လေတော့သည်။

  "သားတော် ငြိမ်ငြိမ်နေပါ...လက်ထဲကပစ္စည်းတွေကို အသာချလိုက် နော်"

"မမ ကိုခေါ်ပေးလို့...ခေါ်ပေးပါဆို"

"ခေါ်ထားပါတယ် သားတော်ရယ်"

Just U (System)Where stories live. Discover now