Unicode
နောက်ဆုံးတော့ ရန်ဂျို နိုင်ငံတော် သို့ရောက်ရှိလေပြီ။ ဂိတ်အဝင်ဝမှာ စစ်ဆေးနေသော ရဲမက်တွေရှိပြီး ကာရန်ထားတဲ့ တံတိုင်းတွေကလည်းတကယ်ကို မြင့်မားလှလေသည်။ အပြင်ပုံစံကပင် အင်အားကြီးနိုင်ငံဆိုတာသိသာပေသည်။
တရွေ့ရွေ့ဖြင့် မြို့ထဲသို့ ရောက်လာကြပေသည်။ တကယ်ကိုစည်ကားသောနိုင်ငံတော်ပင်ဖြစ်သည်။ Mona လည်း လမ်းတစ်လျှောက် အပြင်ကိုငေးလာပြီး ဘာစားရင်ကောင်းမလဲပဲစဥ်းစားနေလေးသည်။ တစ်ယောက်သောသူကတော့ သူ့အားဂရုမစိုက်၍ တစ်ဖက်သတ်စိတ်ဆိုးနေလေသည်။
ကုန်သည်အဖွဲ့လည်း ကြိုတင်ငှားထားသော အိမ်တော်အတွင်းသို့ရောက်ရှိပြီး ပစ္စည်းများကိုစတင်နေရာချထားကြလေသည်။ ဒီအိမ်တော်က ကုန်သည်အဖွဲ့ ရန်ဂျို ကိုလာရင်အမြဲ တည်းသော အိမ်တော်ဖြစ်သည်။ လာလျှင် တစ်လလောက်နေသည်ဖြစ်၍ အိမ်တစ်ဝန်းလုံးငှားထားခြင်းဖြစ်သည်။ အရင်ခန္ဓာကိုယ်ပိုင်ရှင် ဟွားဟွားကလည်း အေးအေးဆေးဆေး နေချင်သောကြောင့်လည်းပါသည်။
"ကလေးလေး ကလေးအတွက် တစ်ခန်းပြင်ပေးထားတယ် ဒီနေ့ကတော့ နောက်ကျနေပြီဖြစ်လို့ မနက်ဖြန်ကျမှ ကလေးအိမ်ကိုလိုက်ရှာပေးမယ်နော်"
"ဟမ်...တစ်ခန်း..မမနဲ့ပဲအတူနေလိုက်လို့မရဘူးလားဟင်"
" မရဘူး လိမ္မာပါတယ်မနက်ကျရင် လိုချင်တာဝယ်ပေးမယ် နော်"
"မမကလည်း သားကကြောက်တတ်လို့ အဟင့်...သားက ဘာမှမလိုချင်ဘူး အဟင့်.." ငိုမဲ့မဲ့ ပြောလာလေသည်။
အပြောင်းအလဲ မြန်သော ကလေးအား Mona ကြည့်ပြီးခေါင်းခါကာ လက်ခံလိုက်လေသည်။ ဒီကလေးကို အလိုလိုက်တာက သူမအစီစဥ်တွေတဲက တစ်ခါဆိုတာ သူမကိုယ်တိုင်ပဲသိလေသည်။
မနက် ကြက်သွန်သံကြောင့် Monaနိုးလာလေသည်။ သူမအားတစ်ခုခုလာရစ်ပတ်ထားနေသည်ဟု ခံစားနေရသောကြောင့် ဘေးကိုကြည့်လိုက်ရာ သူမအား ပျောက်သွားမည်အလား အတင်းဖက်ထားပြီး အိပ်ပျော်နေသော ကောင်လေးအားတွေ့လိုက်ရလေသည်။ သူမလည်း ကလေးငယ်အား
ကြည့်ပြီး ကြီးလာရင် ပျိုတိုင်းကြိုက်နှင်းဆီခိုင်ဖြစ်လာမည်ဟုသာ မှတ်ချက်ပြုပြီး သူမကိုတွယ်ဖက်ထားသော လက်များအားဖယ်ပြီး ထလာလိုက်လေသည်။ သူမထသွားပြီးပြီးချင်းမှာပဲ မျက်လုံးချက်ချင်းပွင့်လာသော သူတစ်ယောက်ရှိလေသည်။"မမလေး အိမ်ရှေ့မှာ ဝတ်စုံအပြည့်နဲ့ရဲမက်တွေရောက်လာပြီး တွေ့ခွင့်တောင်းနေပါတယ်"
"ဝင်ခွင့်ပေးလိုက် ပြီးတော့ တစ်ခါတဲ
ဧည့်ခံဖို့ပါပြင်ထားလိုက်" ဘာကိစ္စကြောင့် ရောက်လာလဲဆိုတာ Monaသိတာပေါ့။ ဘာကိစ္စကြောင့်ဖြစ်ရမှာတုန်း ဒီကလေးကြောင့်ပဲပေါ့။"အခုလို တွေ့ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်မလေးဟွားဟွား" ပြောပြီး အရိုအသေပြုလာကြလေသည်။ Monaလည်း အလိုက်သင့်ပြန်ပြောပြီး ဧည့်ခံလိုက်လေသည်။
"လာရင်း အကြောင်းအရာက" သိပေမယ့် တမင်မေးလိုက်ခြင်းဖြစ်သည်။
"သခင်မလေးတို့အိမ်မှာ ကျွန်တော်တို့ရဲ့ မင်းသားလေးရောက်နေတယ်လို့သတင်းရထားလို့ပါ....အဲ့တာ ပြန်ခေါ်သွားမလို့ပါ"
"မင်းသားလေး .......ဘယ်သူများလဲ "
"မင်းသားလေးရဲ့ နာမည်က ကျိုးရန်ပါ ဒီနိုင်ငံရဲ့ အငယ်ဆုံးနဲ့ အချစ်ရဆုံးပါ"
"အော်....အဲ့ဒီကလေးလား.....စုံစုံ မင်းသားလေးကိုသွားခေါ်လိုက်"
"ဟုတ်ကဲ့ပါ မမလေး"
"မင်းသားလေးက အလိုလိုက်ခံထားရလို့ အနည်းငယ်အဆော့သန်ပါတယ် အခုလဲ နန်းတော်ကခိုးထွက်သွားလို့ ရှာနေတာ နှစ်ရက်လောက်ရှိပါပြီ သခင်မလေးကို ဒုက္ခများစေခဲ့ပြီ"
"မဟုတ်တာပဲ ရပါတယ် မင်းသားလေးကချစ်စရာကောင်းပြီး လိမ္မာပါတယ်"
"ဗျာ"
မင်းသားအား လာခေါ်သောအဖွဲ့မှ လူများကတော့ Mona စကားကြားပြီး မျက်လုံးပြူးသူကပြူး ပါးစပ်ဟမိသူကဟ အံသြနေကြလေသည်။ ဒါသူတို့မင်းသားလေးမဟုတ်ဘူး လိမ္မာတယ်ဆိုတဲ့စကားက မင်းသားလေးရာဇဝင်မှာမရှိဘူး။---------------
စု > အချို့လူတွေ အနေအထိုင်ဆင်ခြင်
မယ်နော်... အဟင်း အဟင်းMona > ဘယ်သူလဲ ဘယ်သူလဲ
စု > ဟီးဟီး
System > မသိပါဘူး
-------------------------
တိုသွားတယ်နော်😣 အိမ်မှာလူကြီးတွေအကုန်နေမကောင်းနေလို့ စာရေးဖို့ အဆင်မပြေသေးလို့ပါ
ကျန်းမာရေးဂရုစိုက်ကြပါနော်❤
YOU ARE READING
Just U (System)
Fiksi Umum"ရှင်ဖြစ်နေခဲ့တာလား" "အမြဲတမ်းပါပဲ" မတော်တဆမှူတစ်ခုကြောင့် မြောနေရင်း Systemနဲ့ချိတ်ဆက်မိသွား သောအခါ ဘယ်လိုတွေလက်စားချေပေး မှာလဲ single ရာထူးကိုရောရင်ဝယ်ပိုက်ထားအုံးမှာလား ချစ်ရတဲ့သူရော ရှိလာမှာလား...... Start Date - 4 July 2021 End Date - Own crea...