လူဆိုတာတစ်ယောက်တည်းနေလို့မရဘူး။
တစ်ယောက်တည်းရှင်သန်လို့ရပေမဲ့
တစ်ယောက်တည်းနေလို့မရဘူး။တစ်ယောက်နဲ့တစ်ယောက်ချိတ်ဆက်နေမှ ပတ်ဝန်းကျင်နဲ့လူမှုအသိုင်းအဝိုင်းဆိုတာဖြစ်ပေါ်လာတာပဲမဟုတ်လား။
ကျွန်တော်ခံယူထားတဲ့လောကကြီးကအဲ့လိုပဲ။
လူတွေဟာတစ်ယောက်တည်းရှင်သန်ရပ်တည်ဖို့ကိုအများနဲ့အတူလေ့လာသင်ယူနေရတယ်။
+++++
" ဟိဟိ.. ဟားဟား မဆဲနဲ့တော့
မဆဲနဲ့တော့ "" ဘောကိုမဆဲနဲ့လေ ခွေးသား "
နောက်ကျောဘက်ဝိုင်းကနေထွက်လာတဲ့ တခိခိရယ်သံ တွေကြောင့် Kris လှမ်းသတိထားလိုက်မိပေမဲ့ လှည့်မကြည့်ပဲ ပြောလက်စ စကားကိုဆက်ပြောဖို့ပြင်တော့ ထပ်ထွက်လာတဲ့အသံတွေ။
" ကယ်..ကြပါ!!! အား သေတော့မယ် ရယ်ရလို့ "
ကျယ်ထွက်လာတဲ့အော်သံကြောင့် ခေါင်းလေးစောင်းရုံငဲ့ကြည့်တော့ သူ့အဖြစ်ကိုသတိထားမိသွားတဲ့ Jongin က သူကြည့်တဲ့နေရာဆီလိုက်ကြည့်ရင်း ဪ ဆိုပြီးအသံပြုတယ်။
မြင်လိုက်ရတဲ့မြင်ကွင်းဟာ ထင်မထားတာတော့အမှန်ပဲ။ စားပွဲနှစ်ခုဆက်ပြီး ဆယ်ယောက်ကျော်လောက်ရှိတဲ့လူအုပ်ထဲ ကိုယ်တွေဝိုင်းကိုနောက်ကျောပေးထားတဲ့ ကျောပြင်တွေထဲကမှ ငွေမှင်ရောင် ခေါင်းဖြူပိုင်ရှင်က တစ်ကိုယ်လုံးတွန့်လိမ်လို့ စားပွဲကိုလည်းရိုက် ဘေးကလူကိုလည်းရိုက်ရင်းအော်ဟစ်ရယ်မောနေတယ်။
တစ်ဆိုင်လုံးနီးပါးကလူတွေသူတို့ကိုကြည့်နေတာလည်း သတိထားမိပုံမရပဲ စကားတွေလုပြောလိုက် တချက်တချက်ထဆဲလိုက်နဲ့။
ရုပ်ပေါက်လိုက်တာ။
Kris ခေါင်းကိုပြန်လှည့်လိုက်ရင်း ရှေ့က Americano ကိုတစ်ငုံသောက်လိုက်တယ်။ အသံကျယ်တဲ့တစ်ယောက်မျက်နှာတော့မမြင်လိုက်ရပေမဲ့ ကျန်တဲ့မျက်နှာလေးတွေအရ ကလေးတွေဖြစ်မယ့်ပုံ။
" အဲ့တာ ပထမနှစ်တွေလေ "
" ကျစ် "
Jongin အပြောကိုထင်သားပဲဆိုပြီးအသံပေးလိုက်တော့ ဘေးက Jin Goo ကပြုံးစိစိနဲ့