" Ruby စားပြီးပြီလား "
ဟုတ်တယ်ဆိုတဲ့သဘောနဲ့ခေါင်းဝှေ့ပြီးကိုယ့်ကိုပတ်လှည့်နေတဲ့ Samoyed ခွေးဖြူကြီးကို Chanyeol ပွတ်သပ်နေမိတယ်။ အိမ်မှာသူကခင်ပြီးသူ့ကိုခင်တာဆိုလို့ Ruby ပဲရှိတာကိုး။
" ဟဟ
ယားတယ် တော်တော့ "လျှာနွေးနွေးက training ဘောင်းဘီတိုကြောင့် ပေါင်လယ်လောက်ထိ လှစ်ဟထားသလိုဖြစ်နေတဲ့ အသားစိုင်တွေက Ruby အတွက်တော့ အမဲရိုးရသလိုပဲ ဟိုလျက်သည်လျက်နဲ့မို့ Chanyeol ခြေထောက်တွေယားကျိကျိ။ နဂိုကမှချွေးထွက်သန်တာကို training မှာလည်း ချွေးတွေအရမ်းထွက်ထားတာမလို့နေလို့ကမကောင်းရတဲ့အထဲ။
ခြံထဲမှာထားခဲ့ပြီးအိမ်ထဲဝင်လာတော့လိုက်မလာတဲ့ခွေးလေး။ Yoora ပြန်လာတာကိုစောင့်နေတာပဲဖြစ်မယ်။
အိမ်ထဲဝင်လိုက်တော့ မွှေးပျံ့နေတဲ့ဝက်ခြေထောက်စွပ်ပြုတ်အနံ့ကို Chanyeol တစ်ဝကြီးရှူသွင်းလိုက်မိတယ်။ အိမ်ရှိလူ ဘယ်သူနဲ့မှမတိုးခင် ခပ်သွက်သွက်အပေါ်တက်မယ်လုပ်တော့ မမှီလိုက်။
" Chanyeol လာထိုင်ဦး "
လှေကားနားမှာ Laptop အိတ်နဲ့လွယ်အိတ်ကိုချခဲ့ရင်း Appa ခေါ်တဲ့ ဆိုဖာပေါ်ထိုင်လိုက်မိတာ မျက်နှာတည်နဲ့။
" နောက်တစ်ပတ်နေရင် မင်းဆရာ မင်္ဂလာဆောင်တဲ့
မင်းသွားမယ်ဆိုရင် ငါတို့နဲ့အတူလိုက်လို့ရတယ် "" ဘယ်ဆရာလဲ "
Chanyeol ရှုပ်ထွေးစွာနဲ့မျက်မှောင်တွေတွန့်လို့မေးခွန်းထုတ်မိတယ်။
" မင်းမှာ ဆရာဘယ်နှယောက်ရှိလို့လဲ "
သူဘယ်ကနေဘယ်လို ပြန်တုံ့ပြန်ရမှန်းမသိလောက်အောင် အချိန်တစ်ခုအထိတိတ်ဆိတ်သွားမိတယ်။
ချက်ချင်းပြန်ပေါ်လာတဲ့အတိတ်တွေထဲ ကျွန်တော့်ကိုထားမသွားပါဘူးလို့ ခပ်တိုးတိုးရေရွတ်နေတဲ့လူတစ်ယောက်ရှိတယ်။ ပြီးတော့.. သူက ကျွန်တော့်ကိုနားလည်ပေးတဲ့တစ်ဦးတည်းသောသူ။
" ဘာလုပ်မှာလဲ မင်းသွားမှာလား "
" ကျွန်တော်.... ပြန်ပြောပါ့မယ် "
