မနေ့က rehearsal မှာ အကုန်ဟိုရုံးရုံးသည်ရုံးရုံးနဲ့ တကယ့်ပွဲနေ့မှာ မနက်ပိုင်း welcome ဟာ ခန်းမဆောင်ထဲ stage ပေါ်မှာ မြိုင်မြိုင်ဆိုင်ဆိုင်ပြီးစီးသွားတော့ ကျောင်းသားသမဂ္ဂကလူတချို့က သက်မခိုးချကြတယ်။ ဒါတွေလုပ်ဖို့ဘယ်လောက်တောင်ပင်ပန်းခဲ့လဲသူတို့အသိပဲလေ။
ဖျော်ဖြေးရေးအနည်းငယ်နဲ့ major king နဲ့ queen တွေအပြင်တခြားရောက်တတ်ရာရာ နှစ်စပိုင်းပညာသင်ဆုတွေကို ကျောင်းအုပ်ကချီးမြှင့်နေတုန်းအကောင်း။ ထပ်တိုးဆုဆိုပြီး presenter ဖြစ်တဲ့ Seo Yeji မယ်မင်းကြီးမတို့အုပ်စု လုပ်ချလိုက်တာ popular award ဆိုတဲ့ ဆုတစ်ဆုကပိုနေခဲ့ပြီး အဲ့ဒီဆုကိုတော့ major ပေါင်းစုံကလူတွေမဲပေးရမှာဖြစ်ပြီး ချက်ချင်းဆိုသလို ကျောင်းရဲ့ website မှာပေါ်လာတဲ့ ကျောင်းရဲ့ social အကျဆုံးသူများစုစည်းရာ poll လေးတစ်ခု။ ကိုယ်သဘောကျတဲ့လူကို ဝင်နှိပ်လိုက်ရင်ရပြီမလို့ ခန်းမထဲကလူတိုင်းဟာချက်ချင်းဆိုသလိုဖုန်းနဲ့အလုပ်ရှုပ်သွားတယ်။
Kris ကတော့ ဖုန်းကိုရုံးခန်းထဲထားခဲ့မိတာမလို့ ဆန်ခါတင်ထဲဘယ်သူတွေပါလဲမသိပေမဲ့ ဘေးကအသံတွေအရတော့ ဟိုကောင်လေးပါတဲ့ပုံ။ မနေ့ညကကျောင်းမှာအိပ်ရပြီး မနက်မိုးမလင်းခင်အိမ်ပြန်လို့ ကျောင်းကိုပွဲအမှီပြန်ပြေးလာရတဲ့ သမဂ္ဂအုပ်စုထဲက Chanyeol ဟာ ပွဲထဲမှာဝင်မထိုင်ပဲ ခန်းမရဲ့ချောင်တစ်နေရာမှာခိုးငိုက်နေတယ်။ ညကဆိုတာလည်း ထိန်းလိုက်ရတာ မိန်းကလေးတွေက ကျောင်းရဲ့အဆောင်မှာသွားအိပ်ပေမဲ့ ယောကျာ်းလေးတွေကတော့ ဖြစ်သလိုသာ ရုံးခန်းထဲအိပ်ကြတာမလို့ Chanyeol ရဲ့ ထိန်းမနိုင်သိမ်းမရအောင် ဆိုးသွမ်းကျယ်လောင်တဲ့ လတ်လတ်ထမှုဟာ မနက် နှစ်ချက်ထိုးတဲ့အထိ အသံမဆဲခဲ့။
" ဂုဏ်ယူပါတယ် Tourism first year က Park Chanyeol ssi "
Yeji အသံကတိုးထွက်လာသလို ခန်းမတစ်ခုလုံးဟိန်းသွားတဲ့ လက်ခုပ်သံတွေကြား ဟိုကောင်လေးကို ငဲ့ကြည့်မိတော့ အခုမှပြူးတူးကြောင်တောင်နဲ့ နံရံကိုမှီအိပ်ထားလို့ဆံပင်တွေကလည်းရှုပ်ပွလျက်သား။ Minho တို့က သူ့ဆံပင်အနီရောင်တွေကိုသပ်ပေးရင်း စင်ပေါ်အတင်းတွန်းလွှတ်တော့ ဘာမှန်းမသိပဲ တက်သွားရတဲ့ပုံ။ အခမ်းအနားပြီးရင်ဈေးရောင်းဖို့အတွက်ကြိုပြင်လာသလားမသိတဲ့ အနှီကောင်လေးဟာ ဘောင်းဘီတို ဒူးအထက်နဲ့ oversize တီရှပ်အဖြူရောင်ကြီးကိုဝတ်ထားပြီး စင်ပေါ်ရောက်တဲ့အထိ အူတိအူကြောင်ဖြစ်နေတာကို ကျောင်းအုပ်ကြီးက သဘောတကျရယ်ရင်း ပန်းစည်းလေးတစ်ခုနဲ့အတူ စာအိတ်အဖြူလေးကိုပါလက်ထဲထည့်ပေးရင်း နောက်အစီအစဥ်မှာတော့ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားဟာ အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။
