" ဘာ!!! "
ခွပ်*
" အား "
Jongin ရဲ့အော်သံနဲ့အတူ Kris လည်း ရှေ့က ဆေးလိပ်ပြာခွက်နဲ့ကောက်ရိုက်လိုက်တော့မှ မျက်လုံးပြူးမျက်ဆံပြူးနဲ့လက်တခါခါခေါင်းတခါခါဖြစ်နေတဲ့ ရှေ့ကလက်သည်တရားခံနဲ့ကြံရာပါကောင်။
" မဟုတ်ဘူး ဘာမှမဖြစ်ဘူး
သူနဲ့ငါတကယ်ဘာမှမဖြစ်ခဲ့ဘူး အစကတော့ဖြစ်မလို့.. "Kris လက်ထဲကပြာခွက်ကိုချလိုက်ပြီး ဇတ်ပိုးဆီလက်ရွယ်တော့မှ ကိုယ်ကိုရို့ပြီးကြောက်သလိုလိုလုပ်နေတဲ့ Woo Bin
" အ့ အား နာတယ် နာတယ် "
" ဆက်ပြော "
" ငါတို့က Trip ကအပြန် ကျောင်းရောက်ရင် ဒိုးဖို့စဉ်းစားပြီးသားလေ အဲ့တာကြောင့် ရိက္ခာနည်းနည်းထည့်လာတာ ဖြစ်ချင်တော့ ညအိပ်ခရီးဖြစ်သွားတာကို Jin Goo ကလည်း ဒီတိုင်းလူစုပြီးပျော်မယ်ပဲလုပ်လိုက်တာကွာ "
" ငါအခုထိ ဟိုကောင်လေးနဲ့ဆိုင်တာဘာမှမကြားသေးဘူး "
" ငါရောပဲ "
Jongin ကပါမျက်မှောင်တွန့်လျက်သားနဲ့ဝင်ထောက်ခံတော့ Jin Goo ကသက်ပြင်းချပြီး Woo Bin စကားကိုဆက်တယ်။
" သူကကွာ ဒီကောင့်ကိုဘလိုင်းကြီးကြည့်မရဖြစ်နေတာ ဒင်းကလည်း မကြိုက်မှန်းသိရဲ့နဲ့တမင်သွားသွားကပ်တယ် အဲ့တာနဲ့ ငါတို့ကလည်းပျော်နေပါးနေတာဆိုတော့ သူတို့နှစ်ယောက်ကိုစလိုက်တာ မမှောက်ပဲခံနိုင်တဲ့သူနိုင်မှာပဲဆိုပြီး "
ရိက္ခာဆိုတာ Weed တွေဖြစ်ပြီး ဆေးလိပ်ပါကောင်းပါမယ်။ ပြီးရင်တော့ အခုတလောမှ Jin Goo ဓာတ်ကျနေတဲ့ Weed နဲ့လုပ်ထားတဲ့ Brownie တွေပါနိုင်ချေရှိမှန်း Kris မှန်းမိပြီးသားပင်။
" အဲ့မှာ ကျေးဇူးရှင်က Brownie ကိုတစ်တုံးလုံးကောက်စားပလိုက်တယ်လေ ပြီးကျ သတိပါလစ်သွားလို့ ငါတို့မနည်းဝိုင်းနှိုးရတာ ငါအဲ့ညက အခန်းပြန်မလာတာလည်း သူနဲ့တင်တစ်ဖွဲ့လုံးရှုပ်သွားလို့ "
Woo Bin ဝင်ပြောမှ Kris အကုန်လုံးစေ့စေ့ပေါက်ပေါက်နားလည်သွားသလိုလိုရှိပေမဲ့ ထပ်ပြီးမရှင်းတာတစ်ခုကိုမေးလိုက်ရတယ်။
![](https://img.wattpad.com/cover/279047660-288-k521740.jpg)