အရေးပေါ်ဌာနဆိုတဲ့ဆိုင်းဘုတ်လေးကိုမော့ကြည့်ပြီး Chanyeol သက်ပြင်းဆောင့်ချလိုက်ရတယ်။ စိတ်ထဲလည်းတော်တော်အဆင်မပြေပဲ ငိုချင်သလိုလိုနဲ့ လက်ထဲကလူနာရှင်မှတ်တမ်းစာရွက်ကိုကြည့်ရင်း ဖြည့်စရာရှိတာတွေဖြည့်နေပေမယ့် ဘာလုပ်ရမှန်းမသိ။
" ရပါပြီ လက်မှတ်လေးထိုးပေးပါဦးရှင် "
" ဗျာ ဟုတ်ကဲ့ "
ကောင်တာက သူနာပြုမလေးထိုးပြတဲ့နေရာနားမှာလက်မှတ်ထိုးလိုက်ပြီး စာရွက်ကိုပေးလိုက်တော့ သူ့ကိုအားပေးသလိုကြည့်လာတဲ့ သူမ။
" အဖျားတက်နေတုန်းမို့လို့ပါ ဆေးချိတ်ထားတာကုန်တာနဲ့အိမ်ပြန်ရမယ်နော် စိတ်အရမ်းမပူပါနဲ့ ကျောင်းသား "
ခေါင်းတဆတ်ဆတ်ငြိမ့်ပြရင်း လိုက်ကာလေးတွေပဲခြားပြီးရှိနေတဲ့ကုတင်အတန်းလိုက်ကြီးကိုဖြတ်ကျော်လို့ ဟိုးထောင့်စွန်းက ကုတင်လေးဆီအပြေးသွားမိတယ်။ အနားရောက်တော့လိုက်ကာကိုဖယ်ပြီးမဝင်ရဲ။ အခုတောင်ငိုချင်နေတာ သူ့ကိုမြင်ရင်မထိန်းနိုင်တော့ပဲ..
မနေ့က ရုတ်တရက်ကြီးရွာချတဲ့မိုးကြောင့် စီနီယာမိုးမိလာတာ။ Chanyeol ကအလိုက်ကမ်းဆိုးမသိစွာနဲ့ အိမ်မပြန်ခိုင်းပဲအတင်းရစ်မိလို့ သူနဲ့တူတူ ချမ်းချမ်းအေးအေး အခန်းလေးထဲအိပ်တာကနေအခုလိုတွေဖြစ်လာရတာပဲ။ စီနီယာ အဖျားလွယ်မှန်းသိသားနဲ့ သူကိုက မလိုအပ်တာတွေလုပ်ခဲ့မိတာ။
" Chanyeol ဝင်ခဲ့.. ကိုယ့်နားကိုလာဦး "
ချီတုံချတုံနဲ့ဝင်သွားမိပေမယ့် သူ့ကိုရင်မဆိုင်ရဲသလို ကျွန်တော်ခေါင်းငုံ့ထားမိတယ်။ ဘယ်လိုပဲသူက အပြစ်မဆိုရက်ဘူးပြောပြော ကျွန်တော့်အမှားနဲ့ကျွန်တော် လေးလံနေပြီ။
" Omma တို့ကိုဖုန်းဆက်ထားသေးလား "
" ကျွန်.. ကျွန်တော်မေ့နေလို့ အခုဆက်လိုက်မယ် "
တစ်ကိုယ်လုံးကအိတ်တွေထဲဖိစမ်းလိုက်ရှာပေမယ့် ဖုန်းကိုမတွေ့ကာမှခေါင်းကြီးရပြန်တယ်။
" အာ.. မေ့ခဲ့တယ်ထင်တယ် အပြင်မှာသွားဆက်လိုက်မယ် "
" Chanyeol "
