ညနေရောက်နေပြီမလို့ထိုင်ခုံမှာထိုင်ရင်း စခန်းထဲမှာရှုပ်ယှက်ခတ်နေတဲ့ပတ်ဝန်းကျင်ကိုငေးကြည့်နေမိတယ်။ ဒီမြင်ကွင်းကိုငယ်ငယ်ကအရမ်းရင်းနှီးခဲ့ဖူးတာပဲ။ Appa ရာထူးသိပ်မကြီးခင် Omma လည်းရှိနေခဲ့ချိန်တုန်းက ကျောင်းပိတ်ရင် Appa အလုပ်အထိလိုက်သွားနေကျဆိုတော့ ဒါတွေဟာသိပ်တော့ထူးဆန်းမနေ။ အဲ့တုန်းကလည်း ဒီလိုပဲ ဆူဆူညံညံ အော်သံဟစ်သံတွေဟာ အခုထိမပြောင်းမလဲ။ ပြောင်းလဲသွားတာဆိုလို့ သူတို့သားအဖဆက်ဆံရေးတစ်ခုပဲရှိခဲ့မယ်ထင်တယ်။
နေ့လယ်ထမင်းစားချိန်တုန်းကအုပ်စုလိုက်ကြီးရောက်လာပြီး စခန်းကလူတွေကိုပါကြက်ကြော်နဲ့ကော်ဖီဝယ်တိုက်သွားတဲ့ ငဖား တစ်သိုက်ကျေးဇူးကြောင့် Chanyeol အချုပ်ခန်းထဲတော့ ပြန်မဝင်လိုက်ရ။ အခုထိခုံတန်းလျားမှာပျင်းပျင်းရိရိနဲ့ လှဲအိပ်ဖို့ကလည်းမဖြစ်နိုင်။
ကြောင်တောင်တောင်နဲ့ Joo Hyuk ပေးသွားတဲ့ Lollipop လေးကိုအထူးတဆန်းလိုစိုက်ကြည့်နေမိရင်း မျက်လုံးထောင့်စီဖြတ်ခနဲဝင်လာတဲ့အရိပ်ကြောင့် ခေါင်းမော့ကြည့်လိုက်တော့ရင်းနှီးနေတဲ့ကျောပြင်။
.
.
.
.
." နောက်မဖြစ်စေရပါဘူး "
ခပ်ခွာခွာဘေးမှာရပ်နေတဲ့ကိုယ့်ရဲ့ ပခုံးကိုလှမ်းဖက်ပြီး သူနဲ့အတူခါးကိုင်းချဖို့ဖိချလာတာကြောင့် Chanyeol ရှေ့ကအရာရှိတွေကိုဦးညွတ်လိုက်ရတယ်။ သူဟာလည်း အတူတူ တောင်းပန်စကားတွေတဖွဖွဆိုရင်း။
စခန်းအပြင်ရောက်တဲ့အထိ ဖယ်ခွာမသွားသေးတဲ့လက်တွေနဲ့နီးကပ်နေတဲ့ခန္ဓာကိုယ်နှစ်ခုကို Chanyeol မနေတတ်သလိုရုန်းလိုက်ရတယ်။
" ကျေးဇူးတင်ပါတယ် "
" ရိုက်ခံထားရတယ်ဆို Appa စီက "
အနည်းငယ်ရောင်နေမလားမသိတဲ့ပါးတွေကိုဆုပ်ထွေးလာတဲ့လက်ဖဝါးပြင်တွေက တကယ့်ကိုမှသာသာလေးပေမယ့် Chanyeol ထပ်ပြီးနောက်တွန့်မိပြန်တယ်။
" အင်း ဘာမှမဖြစ်ပါဘူး
အဆင်ပြေ.. ပါတယ် "" ကိုယ့်ကိုစိတ်ဆိုးနေတာလား "
" ဗျာ ကျွန်တော်က ဘာလို့.. "
" အာ ဆောရီး.. မှားသွားတယ် "