H 7

262 58 11
                                    

" ရုပ်ရှင်သွားကြည့်ကြမယ် "

ဒီတစ်နေ့ကို သမဂ္ဂကလူတချို့ major အလိုက် နှစ်အလိုက် major shirt တွေ သွားအပ်ရတာမလို့ တတိယနှစ်အတွက်ကတော့ နှစ်တိုင်းလိုက်နေကျ Jongin နဲ့ Yeji က သူ့ကိုပါဆွဲခေါ်နေလို့ Kris လိုက်လာရပြီး ဒုတိယနှစ်အတွက်ကတော့ Minho နဲ့နောက်ကောင်လေးတစ်ယောက်။ ပြီးတော့ ပထမနှစ်အတွက်က Chanyeol ရယ် သူတို့ EC ဖြစ်​တဲ့ Yoon ဆိုတဲ့ကောင်မလေးရယ်။

" အာ တော်ပြီ ငါပြန်တော့မယ် "

သူအရင်ငြင်းလိုက်မိတယ်။ shirt အတွက် ကိစ္စပြီးသွားပေမဲ့ ဒီနေ့သူတို့ကို pass ပေးထားတာမလို့ အခုထိပိုနေသေးတဲ့အချိန်တွေက အတန်းတွေပြီးဖို့နှစ်နာရီစွန်းစွန်းလောက်လိုနေသေးတယ်။ ဒါပေမဲ့ Kris ရုပ်ရှင်ရုံမသွားချင်။ မသိတဲ့လူတွေနဲ့ဆိုပိုဆိုး။

" ဘယ်ပြန်မှာလဲ မင်းက "

ရုတ်တရက်ပခုံးကနေပြန်ဆောင့်ဆွဲခံလိုက်ရတာကြောင့် ဘယ်မှသွားမရပဲ တစ်စောင်းလွယ်ထားတဲ့လွယ်အိတ်ကြိုးကိုကိုင်လျက်သား Jongin လက်ထဲခြေချုပ်မိနေသလို။

" လုပ်ပါ Fast & Furious 9 လေကွ
ကျန်တဲ့ကလေးတွေရောကြည့်မယ်မလား "

" ငါကြည့်မယ် "

" ငါရော "

Yeji နဲ့ Minho အသံက ဒီလိုမျိုးဆိုရှေ့ဆုံးကပဲမို့ Kris အသံတိတ်ကျိန်ဆဲလိုက်မိတယ်။ ကျန်တဲ့လူကိုကြည့်လိုက်တော့လည်း ဟိုကောင်လေးကလည်း Jongin တို့နဲ့လိုင်းတူတူ။

" ကျွန်တော်က ကျောင်းပြန်ရမှာ
မနေ့က project အတွက် assignment တင်ရဦးမှာမို့ "

ဒုတိယနှစ်ကောင်လေးကပြောတော့ Kris မျက်နှာက မှိုရသလိုဖြစ်ပြီး ဝင်းပလာတယ်။ အနည်းဆုံးတော့ သူ့ဘက်မှာတစ်ယောက်ရှိနေသေးတာပဲ။

" ဟုတ်လား ကိုယ်တို့တူတူပြန်ရအောင် "

" မင်းအသာနေစမ်းပါ Kris
ရတယ် ညီလေး ဒါဆိုပြန်လိုက်လေ
ကျန်တဲ့လူတွေရော ပြန်မယ့်သူရှိလား "

" ငါလေ "

" မင်းမပါဘူး ပါးစပ်ပိတ်ထား "

" Chanyeol လိုက်မှာမလား "

" ဒါပေါ့ "

အဲ့လိုနဲ့ လူများစုဆန္ဒအရ ဟိုဒုတိယနှစ်လေးလည်း ကျောင်းကိုအပြန် Kris ကတော့ Jongin နဲ့ Minho တစ်ဖက်စီလက်မောင်းကနေချုပ်ထားချည်ထားတာမလို့ ကားမှတ်တိုင်မှာ ကို့ရို့ကားယား။

HANDSWhere stories live. Discover now