#Zawgyiမှောင်မဲတိတ်ဆိတ်နေသောပတ်ဝန်းကျင်....
သူဘယ်ရောက်နေတာလဲ..? သူသေသွားပြီလား..?
သူဝေခွဲရခက်နေတုန်းမှာနူးညံ့ညင်သာတဲ့အသံလေးကိုကြားလိုက်ရတယ်...။
"Yoongi.."
Yoongi တဲ့။ Yoongiဆိုတာဘယ်သူလဲ...? ကျွန်တော်လား..? ကျွန်တော့နာမည် Yoongiလား..?
အသံလာရာကိုရှာဖွေကြည့်လိုက်တော့ ကျွန်တော်နဲ့ခပ်လှမ်းလှမ်းမှာ အလင်းရောင်လေးတစ်ခု ထိုအလင်းရောင်လေးထဲမှာကောင်လေးတစ်ယောက်ရပ်နေတယ် အသံလေးကသူ့ဆီကလာနေတာပဲ..။ အင်္ကျီအဖြူ ဘောင်းဘီအဖြူလေးကိုဝတ်ဆင်ထားတဲ့သူလေးက နတ်သားလေးများလား..။ မျက်နှာကိုတော့သဲကွဲစွာမမြင်ရ..။
ကျွန်တော်ကြည့်နေတုန်းမှာသူ့ဆီကအသံလေးထပ်ထွက်လာတယ်..။"Yoongi..မင်းပြန်ရမယ်လေ"
ပြန်ရမယ်..? ဘယ်ကိုပြန်ရမှာလဲ..?
"မင်းကိုလူတွေအများကြီးစောင့်နေကြတယ်လေ မင်းပြန်တော့နော်"
ဘယ်ကိုပြန်ရမှာလဲ? ဘယ်သူကစောင့်နေတာလဲ? မေးချင်ပေမယ့် အသံကထွက်မလာ..
သူကရောဘယ်သူလဲ? နာမည်.. ဟုတ်တယ် နာမည်တော့မေးထားသင့်တယ်..။ ကိုယ့်ဘာကိုယ်တွေးပြီးနာမည်မေးမလို့ပြင်လိုက်စဉ်မှာပဲ အနှီလူသားက အဖြူရောင်အလင်းအတွင်းသို့ ကိုယ့်ကိုတွန်းထုတ်လိုက်တယ်..။
.
.
.
.
.
.
.
တီ..တီ..တီ..နားထဲမှာအသံတွေကြားနေရတယ်...
သူဘယ်ရောက်နေပြန်တာလဲ သိလိုစိတ်ကြောင့်လေးလံနေတဲ့ မျက်လုံးတွေကို အားယူပြီဖွင့်ကြည့်လိုက်တယ် အဖြူရောင်မျက်နှာကြတ် ဆေးနံ့ သူဆေးရုံကိုရောက်နေတာပဲ သူဘာလို့ဆေးရုံရောက်နေရတာလဲ...? စဉ်းစားနေတုန်းမှာပဲ အမျိုးသမီးတယောက်ရဲ့အသံကိုကြားလိုက်ရတယ်..။"သား..သားလေး သတိရလာပြီလား..."
"Doctor အခန်းနံပါတ်(...)က လူနာ သတိရလာလို့ပါ"
ယောက်ျားတယောက်အသံ..။ သားလို့ခေါ်နေတာဆိုတော့ သူ့အဖေနဲ့အမေလား..?
သူထထိုင်လိုက်တော့ခေါင်းကဆစ်ခနဲ..။ သူ့ခေါင်းမှာပတ်တီးတွေနဲ့..။
YOU ARE READING
Heart Change
Fanfictionနောက်ဘဝလူပြန်ဝင်စားရရင် hyungတို့နဲ့အတူ လာနေမယ်နော် လက်ခံမယ်မလားဟင် (Jung Hoseok) ငါ့ကိုချစ်တာ......မင်းလား မင်းရင်ဘက်ထဲကခုန်နေတဲ့နှလုံးသားလား (Min Yoongi) Hyung...