#Zawgyiသရဲ..ဆိုတာကိုခင်ဗျားတို့ယုံလား..။ အစကကျွန်တော်လဲမယုံခဲ့ဘူးဗျ..။ အဲ့လိုမယုံတဲ့ကျွန်တော့်ကို ကံကြမ္မာကယုံကြည်ဖို့အကြောင်းဖန်လာပေးခဲ့တယ်..။ ကျွန်တော်သတိရပြီးနောက်နေ့မှာပဲ ဝိဥာဉ်တွေကိုမြင်လာရတယ်..။ ဘယ်လောက်ပဲမယုံဘူးပြောပြော အမှန်တကယ်တွေ့ရတော့ အနဲနဲ့အများတော့လန့်တာပေါ့..။ ဒါပေမဲ့လဲကျွန်တော်လျစ်လျူရှူခဲ့တယ်..။ မမြင်ချင်ယောင်ဆောင်ခြင်းကအကောင်းဆုံးပဲလေ..။
နှစ်ပတ်လောက်ကြာတော့ကျွန်တော်လဲဆေးရုံကဆင်းခွင့်ရခဲ့တယ်..။ ဒဏ်ရာကအပြည့်အဝမကောင်းသေးပေမဲ့လဲ ဆေးရုံကိုမကြိုက်တဲ့ကျွန်တော့အတွက် အမေတို့အိမ်ပြန်ဖို့ခွင့်တောင်းပေးခဲ့တယ်..။
သူတို့ပြောပြချက်အရ ကျွန်တော်က Min group ရဲ့ အမွေဆက်ခံသူတဲ့..။ ယခုလက်ရှိလဲ Min ကုမ္ပဏီရဲ့ CEOတဲ့..။ ပြီးတော့ကျွန်တော့က သူတို့သဘောတူထားတဲ့ ကျွန်တော့ဇနီးလောင်းအတွက် မင်္ဂလာလက်ဖွဲ့သွားဝယ်ရင်းနဲ့ ကားမှောက်တာတဲ့..။ အခုသူမက ဘယ်မှာလဲဆိုတော့ ဘုရားဖူးထွက်ရင်းခရီးလွန်နေလို့တဲ့..။ ဘယ်လိုမိန်းမက ကိုယ့်သတို့သားလောင်းဆေးရုံရောက်နေတာတောင် အေးဆေးနေနိုင်နေတာလဲမသိပါဘူး..။
တစ်လလောက်နေတော့ကျွန်တော့ဒဏ်ရာလဲကောင်းသွားပြီလေ..။ ဒီနေ့ကျွန်တော်ချုပ်ရိုးဖြည်ပြီး ဆေးရုံကအပြန်mallတခုကိုဝင်လိုက်တယ်..။ လိုအပ်တာလေးတွေဝယ်ဖို့လေ..။
ရေမွှေးပုလင်းတွေဘက်ရောက်တော့ ကျွန်တော့အာရုံကိုဖမ်းစားသွားတဲ့ပုလင်းလေး..။ ဒီဇိုင်းဆန်းဆန်းလေးနဲ့ပုလင်းလေးကိုလက်လှမ်းလိုက်တော့ ထပ်တူကျလာတဲ့လက်လေးတခု..။ ပုပုသေးသေးလေးနဲ့ ကလေးတစ်ယောက်ရဲ့လက်ပုံစံမျိုးလေး..။ ကျွန်တော်ကြည့်လိုက်တော့ကောင်လေးတစ်ယောက်...။ ပုပုသေးသေးလက်လေးအတုင်းလူလေးကလဲ ချစ်စရာလေးပဲ..။ သူကလဲကျွန်တော့ကိုကြောင်ကြည့်နေရာမှ သတိဝင်သွားပုံဖြင့်..
"ဒီမှာ..ဦးလေးကြီး ဒီရေမွှေးကိုကျွန်တော်ယူမလို့ဗျ..။ ကျွန်တော်အရင်ကိုင်လိုက်တာနော်..။ ဦးလေးကြီးကနောက်မှ ကိုင်တာ"
YOU ARE READING
Heart Change
Fanfictionနောက်ဘဝလူပြန်ဝင်စားရရင် hyungတို့နဲ့အတူ လာနေမယ်နော် လက်ခံမယ်မလားဟင် (Jung Hoseok) ငါ့ကိုချစ်တာ......မင်းလား မင်းရင်ဘက်ထဲကခုန်နေတဲ့နှလုံးသားလား (Min Yoongi) Hyung...