#Unicode
ဒီနေ့Jiminအလုပ်ကိုစောစောထွက်လာခဲ့သည် သူသိချင်တာတွေကိုမေးဖို့အတွက်ပေါ့ ။ သူအရမ်းစောနေလို့ထင် မန်နေဂျာအကိုတောင်မရောက်သေးဘူး ။ သူလဲ သူနဲ့ခင်တဲ့လူတချို့ကိုလိုက်မေးကြည့်ပေမဲ့လဲ အကုန်လုံးကလူသစ်တွေကြီးသာ ။
ဒါဆိုရာထူးကြီးတဲ့သူတွေထဲကပဲလူဟောင်းတွေပေါ့ ။ မန်နေဂျာအကိုလာတဲ့အထိပဲစောင့်နေလိုက်တော့သည် ။ မကြာပါ မန်နေဂျာအကိုရောက်လာသည် ။"ဟ Jiminထူးထူးဆန်းဆန်းအစောကြီးပါလားကွ"
"ဟုတ် hyung ကျွန်တော်မေးစရာရှိလို့"
"ဟေ ငါ့ကိုလားကွ"
"ဟုတ်တယ်hyung hyungပဲသိနိုင်တော့မယ်ထင်လို့"
"ငါပဲသိနိုင်တာဟုတ်လား ဘာများလဲဆိုစမ်းပါဦး"
"ဟိုလေ အရင်အတွင်းရေးမှူးJung Hoseok အကြောင်းသိချင်လို့ တခြားသူတွေကအကုန်အသစ်တွေပဲမို့လိူ့ hyungကဒီမှာလုပ်တာကြာနေပြီမလား အာ့တာကြောင့်hyungပဲသိနိုင်တာ ပြောပြပါလား"
ကျွန်တော်မေးလိုက်တာနဲ့မန်နေဂျာအကိုမျက်နှာသိသိသာသာပျက်သွားတာကိုတွေ့လိုက်ရတယ် ။ ဘာများမဖြေနိုင်စရာရှိနေလိူ့လဲမသိဘူး ။
"ဟိုJiminက ဘာလို့သိချင်ရတာလဲ ပြီးတော့အရင်အတွင်းရေးမှူးက Kim Namjoonပါ"
"ဟင် Jung Hoseok မဟုတ်ဘူးလား သေချာပေါက်အရင်အတွင်းရေးမှူးက Jung Hoseokလို့ပြောလိုက်တာပါ"
"Jiminကိုဘယ်သူကပြောလိုက်တာလဲ အရင်အတွင်းရေးမှူးကNamjoonပါ Jiminပြောတဲ့ Jung Hoseokဆိုလား ဘာလား သူမဟုတ်ပါဘူး"
"ဟုတ်လား သေချာပေါက်Jung Hoseokလို့ကြားလိုက်တာပါ"
"Jiminအလုပ်သွားလုပ်တော့လေ ခနနေရင်CEOလာတော့မယ်"
"ဟုတ်hyung အာ့တာဆိုကျွန်တော်သွားပြီနော်"
"အေး အေး"
တွေးတွေးဆဆလေးလုပ်နေတဲ့ကောင်လေးကိုအမြန်နှင်ထုတ်လိူက်ရသည် ။ ထိုကောင်လေးထွက်သွားမှပဲLeeWooတစ်ယောက်သက်ပျင်းချနိုင်တော့သည် ။နဂိုထဲကအလိမ်မတော်ပါဘူးဆို ဘယ်ကကြားပြီးလာမေးနေမှန်းမသိ ။ CEOများသတိရသွားလိူ့လား ။ မဖြစ်နိုင်ပါဘူး CEOသတိရသွားရင်ဒီလိုငြိမ်နေမှာမဟုတ်ဘူး ။ ဟင်း.... ဒီကောင်လေးလာမေးမှပဲမင်းကိုတောင်သတိရသွားပြီ hoseokရေ အမြဲတမ်းပြုံးနေတတ်တဲ့ကောင်လေး မင်းနဲ့အတူရှိနေတုန်းကငါတို့တကယ်ပျော်ခဲ့ရပါတယ် ။
YOU ARE READING
Heart Change
Fiksi Penggemarနောက်ဘဝလူပြန်ဝင်စားရရင် hyungတို့နဲ့အတူ လာနေမယ်နော် လက်ခံမယ်မလားဟင် (Jung Hoseok) ငါ့ကိုချစ်တာ......မင်းလား မင်းရင်ဘက်ထဲကခုန်နေတဲ့နှလုံးသားလား (Min Yoongi) Hyung...