( 9 )

131 16 0
                                    

#Unicode

"Hoseok မြန်မြန်လုပ်လေကွာ ငါတို့နောက်ကျတော့မယ်"

" အေးပါကွ ပြီးပါပြီ NamJoon ငါဒီဝတ်စုံလေးနဲ့ဘယ်လိုနေလဲ "

" ငါ့သူငယ်ချင်းကဘာဝတ်ဝတ်မိုက်ပြီးသား "

" သေချာကြည့်ပါဦးကွ တကယ်ရောအဆင်ပြေရဲ့လား "

" ဟေ့ကောင် မင်းအခုသွားမှာ interviewသွားဖြေမှာနော် model showသွားလျှောက်မှာမဟုတ်ဘူး "

" သိပါတယ်ကွ ကုမ္ပဏီကြီးကိုဝင်မှာဆိုတော့ သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်မှ တော်ကာကျမှာပေါ့ "

" အဲ့လောက်လဲမလိုဘူး ငါတို့သူဌေးကအဲ့လောက်ဇီဇာမကြောင်ဘူး "

" ဒါပေမယ့်.............."

" ကဲ တော်ပါတော့ အကိုတော်Jung Hoseokရယ် နောက်ငါးမိနစ်နေလို့မှမပြီးရင် မင်းကိုထားခဲ့လိုက်တော့မှာ "

" ဟီး ပြီးပြီ ပြီးပြီ သွားကြမယ် "

ဒီနေ့Namjoonလုပ်နေတဲ့ကုမ္ပဏီမှာအတွင်းရေးမှူးလိုတယ်ဆိုလို့ namjoonအဆက်အသွယ်နဲ့ဝင်ဖို့လုပ်နေတာလေ ။ ကျွန်တော်ဆို‌တဲ့Jung Hoseokက ကုမ္ပဏီကြီးတွေမှာ အတွင်းရေးမှူးအရမ်းလုပ်ချင်တာ ။ သိတဲ့အတိုင်းပဲ ကုမ္ပဏီကြီးတွေရဲ့ သူဌေးတွေက အတွင်းရေးမှူးဆိုရင် ယုံကြည်ရတဲ့သူတွေ သူ့လက်အောက်က ဝန်ထမ်းတွေကိုပဲပြန်ခန့်တာဆိုတော့ ဒီတိုင်းသွားတိုးဖို့ကမလွယ်ဘူးလေ ။ အာ့တာကြောင့်ကျွန်တော့်သူငယ်ချင်းအကူအညီနဲ့ဝင်ဖို့လုပ်နေတာ ။

အကူအညီဆိုတာထက် အမှန်တိုင်းပြောရရင် သူ့နေရာပေါ့ဗျာ။ သူက လူယုံသဘောမျိုးဖြစ်နေတော့ နိုင်ငံခြားကိုသွားလိုက်ပြန်လိုက်လုပ်နေရတာမို့ သူဌေးဘေးနားမှာ အတွင်းရေးမှူးတစ်ယောက်လိုတယ်ဆိုလို့ namjoonကကျွန်တော့်ကိုထောက်ခံပေးခဲ့တယ်လို့ပြောတယ် ။ ဒါကြောင့်အခုသူအလုပ်လုပ်တဲ့ကုမ္ပဏီကိုသွားနေတာပေါ့ ။

" ကဲ ရောက်ပြီhoba "

ကုမ္ပဏီကြီးကအမြင့်ကြီးပဲ ထိပ်ဆုံးမှာMin group ဆိုတဲ့ရွှေရောင်စာလုံးကြီးကလဲ ငွားငွားစွင့်စွင့်ရှိနေတယ် ။ အေးလေ နာမည်ကြီးMin groupရဲ့ ပင်ထိုင်ရုံးဆိုတော့လဲ ဒီလောက်တော့ရှိမှာပေါ့ ။

Heart ChangeWhere stories live. Discover now