#Unicode
"မင်္ဂလာပါဦးလေး"
လုံခြုံရေးဦးလေးကြီကိုနှုတ်ဆက်လိုက်ခြင်း ။ ဒါဟာသူအလုပ်ကိုရောက်တိုင်းလုပ်နေကြအလုပ် ။
"အေး မင်္ဂလာပါကွာ ဒီနေ့တော့lee wooပါ ပါလာတာပါလားကွ hoseokတို့ကတော့အမြဲတမ်းအစောကြီးပဲနော်"
" ကျွန်တော်ကတော့အလုပ်လေးမပျက်သေးလို့လေ hoseokတို့ကတော့အမြဲစော"
"ဟဲဟဲ ကျွန်တော်ကလူသစ်ဆိုတော့အလုပ်ကြိုးစားရတာပေါ့ဗျာ"
"ဟုတ်လို့လားကွ ဒါဆိုလက်ထဲကကော်ဖီလေးငါ့ကိုတိုက်ခဲ့ပါလား"
" အာ ဒါတော့မဖြစ်ဘူးဗျ အဟဲ"
"အေးပါကွာ အေးပါ ဟားဟားဟား"
" ဒါဆိုကျွန်တော်သွားတော့မယ်နော်ဦးလေး "
" အေးအေး"
Leewoo hyungနဲ့အတူအလုပ်ခန်းကိုတက်လာလိုက်ပြီး leewoo hyungက သူ့အလုပ်စားပွဲမှာအလုပ်သွားလုပ်နေပြီ ။
ကျွန်တော်ကတော့ကျွန်တော့်သူဌေးhyungလေးလာမှ အလုပ်ရှိမှာဆိုတော့ ကော်ဖီလေးကိုမအေးအောင်အပူပေးထားရင်း hyungရဲ့တစ်နေ့တာအချိန်စာရင်းကို အလွတ်ရအောင်မှတ်နေလိုက်တယ် ။ Hyungရှေ့မှာ အလုပ်အချိန်စာရင်းတွေကို ပရိုကျကျရွတ်ပြနိုင်မှ ကျွန်တော့်သူဌေးhyungလေးရဲ့ သဘောကျတာကိုခံရမယ်မလား ။
တအောင့်လောက်ကြာတော့ လူတွေတဖွဲဖွဲရောက်လာကြပြီဖြစ်လို့ နာရီကြည့်လိုက်ချိန် နာရီလက်တံကရှစ်နာရီထိုးဖို့ငါးမိနစ်အလိုကိုဖော်ပြနေသည် ။ နောက်ငါးမိနစ်နေရင်ကျွန်တော့်သူဌေးလေးရောက်လာတော့မှာ ။ အချိန်အရမ်းတိကျတဲ့ကျွန်တော့်hyungလေးက ရှစ်နာရီတိဆိုတာနဲ့ရောက်လာနေကြလေ ။
ဟော ပြောရင်းဆိုရင်း ကျွန်တော့်သူဌေးလေးရောက်လာပါပြီ။
" မင်္ဂလာပါCEO "
ထပြီးနှုတ်ဆက်လိုက်တော့ hyungလေးက အသိအမှတ်ပြုသလိုခေါင်းတစ်ချက်ငြိမ့်ပြသည် ။ ပြီးနောက်ရုံးခန်းထဲဝင်သွားတာမို့ လိုအပ်တဲ့ဖိုင်တွေနှင့် ကော်ဖီဘူးလေးကိုလဲမမေ့မလျော့ယူကာ hyungသေးသေးလေးနောက် လိုက်သွားလိုက်သည် ။
YOU ARE READING
Heart Change
Fanfictionနောက်ဘဝလူပြန်ဝင်စားရရင် hyungတို့နဲ့အတူ လာနေမယ်နော် လက်ခံမယ်မလားဟင် (Jung Hoseok) ငါ့ကိုချစ်တာ......မင်းလား မင်းရင်ဘက်ထဲကခုန်နေတဲ့နှလုံးသားလား (Min Yoongi) Hyung...