#Zawgyi
ဒီနေ့Jiminသူ့နှလုံးသားပိုင်ရှင်လေးဆီမှာပထမဆုံးအလုပ်ဆင်းရမှာလေ..။ အစတုန်းကတော့ hyungက လက်မခံချင်ပေမယ့် Jin hyung ရဲ့ဝိုင်းကူပြောပေးမှုကြောင့် သူ့အတွင်းရေးမှူးအဖြစ်နေရာရလာခဲ့တယ်..။ အတွင်းရေးမှူးဆိုတာသိတဲ့အတိုင်း CEOနားမှာနေရမှာမလား..။ CEOသွားတဲ့နေရာလိုက် CEOရဲ့အချိန်တွေကိုသတိပေးနေရမှာလေ..။ အဲ့ဒါဆို သူhyungရဲ့ဘေးမှာတစ်ချိန်လုံးနေလို့ရပြီပေါ့..။
တက္ကသိုလ်တက်နေဆဲကာလမို့ အဖေနဲ့အမေကခွင့်မပြုချင်သော်လဲ Min group ပိုင်သည့်ကုမ္ပဏီဆိုသည်နှင့် အတွေ့အကြုံရတာပေါ့ဆိုပြီး တန်းခွင့်ပြုပေးလိုက်သည်..။ Hyungတို့သြဇာကအဲ့လောက်ကြီးမားတာ..။ ကျောင်းကိစ္စလဲပူစရာမလိုပါ..။ Tarhyung နဲ့ Jung kook ရှိသည်မလား..။ ပြီးတော့ဆရာဖြစ်တဲ့Jin hyungလဲသိနေတယ်မလား..။ သူတွေးရင်းနှင့်ပင် hyungတို့ကုမ္ပဏီနားတောင်ရောက်နေပြီ..။
"ဦးလေး ကားရပ်လိုက်တော့ ကျွန်တော်ဒီနားကနေပဲလျှောက်သွားလိုက်တော့မယ်"
"ဆင်းတော့မလို့လားJiminလေးရဲ့ ကုမ္ပဏီရှေ့ရောက်ဖို့လိုနေသေးတယ်လေ"
"ရပါတယ် ဦးလေးရဲ့ အဖေနဲ့အမေမေးရင်သာ ကျွန်တော့ကို ကုမ္ပဏီထဲထိပို့ခဲ့တယ်လို့ပြောပေးနော်"
"အေးအေး ဂရုစိုက်ဦးနော်Jiminလေး ဦးလေးပြန်ပြီ"
သူခေါင်းသာ အသာညိတ်ပြလိုက်သည်..။ သူ့ကိုကားနှင့်တွေ့သွား၍မဖြစ်...hyungကိုပြောထားသည်က သူကမပြေလည်တဲ့အိမ်ကမလား..။ မလိမ်ချင်ပေမဲ့hyungကသူ့ကိုအလုပ်မခန့်ဟုဆို၍ လိမ်လိုက်ရသည်..။ ဒါတောင်hyungကသိပ်မယုံချင်..
"မပြေလည်တဲ့အိမ်ကဆို ဘာလို့ဒီလိုနာမည်ကြီးတက္ကသိုလ်မှာ လာတက်နေတာလဲ"တဲ့ "ပြီးတော့ ဟိုတစ်နေ့ကလှူတုန်းကလဲသူပါတယ်မလား"တဲ့..။
တကယ်ကိုမလွယ်တဲ့hyung။ "ဒီလိုတက္ကသိုလ်မှာတင်ခွင့်ရတာ စာတော်လို့ပါ လှူတာသူစုထားတဲ့မုန့်ဖိုးလေးနဲ့ပါ သူကယုံကြည်ရတဲ့သူပါ မင်းကငါ့ကိုတောင်မယုံဘူးးလား"လို့ Jin hyung ဝင်ပြောလိုက်မှပဲငြိမ်သွားတော့တယ်..။ ဒါတောင်hyungကငြိမ်နေပြီးတခုခုကိုနားထောင်သလိုလုပ်နေသေးတာ..။ အလှူတုန်းကသူ့ကို hyungမှတ်မိပါလား ဆိုတဲ့အတွေးကြောင့်ပျော်သွားတာတော့အမှန်...ဘာပဲဖြစ်ဖြစ်လေ အဆိုးထဲကအကောင်းပေါ့..။ သူကုမ္ပဏီထဲဝင်သွားတော့ ဧည့်ကြိုကောင်မလေးက ပြာပြာသလဲပြေးလာတယ်..။
YOU ARE READING
Heart Change
Fanfictionနောက်ဘဝလူပြန်ဝင်စားရရင် hyungတို့နဲ့အတူ လာနေမယ်နော် လက်ခံမယ်မလားဟင် (Jung Hoseok) ငါ့ကိုချစ်တာ......မင်းလား မင်းရင်ဘက်ထဲကခုန်နေတဲ့နှလုံးသားလား (Min Yoongi) Hyung...