#Zawgyi
Hoseokပြောတဲ့ကောင်လေးကိုလိုက်ရှာနေတာ သုံးရက်ရှိပြီ ။ ခုထိတော့မတွေ့သေး ။ ပုန်းနေတာလဲမဟုတ်ဘဲရှာရခက်လိုက်တာဟုရေရွတ်မိသည် ။
ကုမ္ပဏီကိုလဲသုံးရက်လုံးပစ်ထားလိုက်မိတာ ။ Jiminရှိလို့တော်သေးသည် ။ ထိုကောင်လေးကအားကိုးရသည် သူရှိနေလို့သာပစ်ထားလို့ရတာ နို့မို့ဆိုသုံးရက်စာလောက်ပြုံလုပ်နေရပြီ ။
ဒီနေ့တော့အရေးကြီးအစည်းဝေးရှိသည်မို့ ကုမ္ပဏီကိုရောက်လာခဲ့သည် ။
"Boss ဧည့်သည်ရောက်နေပါတယ်"
"ဘယ်သူလဲ"
"Bossရဲ့သတို့သမီးလောင်းလို့ပြောပါတယ်"
ဝန်ထမ်းကောင်မလေးအပြောကြောင့် သူ့ရုံးခန်းသို့အလျှင်အမြန်သွားလိုက်သည် ။ ရုံးခန်းတံခါးကိုဆွဲဖွင့်လိုက်ချိန်မြင်လိုက်ရတာသိပ်တော့အဆင်မပြေလှ..။ ကိုယ့်နေရာကိုအခန့်သားဝင်ထိုင်နေတဲ့ဟိုမိန်းမနဲ့ ဘေးမှာကျို့ကျို့လေးရပ်နေတဲ့Jimin ။
"အဲ့တာဘာလုပ်နေတာလဲ"
ကိုယ့်အသံကြားမှထိုမိန်းမကJiminကိုဆူနေရာမှလှည့်ကြည့်လာသည် ။ Jiminကတော့ အနည်းငယ်ဆွေးရိပ်သန်းနေတဲ့မျက်ဝန်းတွေနဲ့ကြာ့်လာသည်။
"Oppaရောက်လာပြီလား ဒီမှာလေoppaဝန်ထမ်းကအသုံးမကျလို့ဆုံးမပေးနေတာ"
"သူကဘာတွေများအသုံးမကျလို့လဲ"
သူလေပြေလေးနဲ့မေးလိုက်တော့Jiminကမျက်နှာလေးပိုငယ်သွားသည် ။ Miyoungကတော့အောင်နိုင်သူအပြုံးနဲ့ပြုံးကာ
"ဘာဖြစ်ရမှာလဲ Miyoungကိုအခန်းထဲမဝင်ခိုင်းဘူးလေ အပြင်မှာပဲစောင့်နေဖို့ပြောနေတာ"
"အဲ့လိုမဟုတ်...."
"သူမဝင်ခိုင်းတာကဖြစ်သင့်တာပဲလေ"
သူ့စကားမဆုံးသေးခင်ဝင်ပြောလိုက်တဲ့hyungကြောင့်အနည်းငယ်တော့ပျော်မိသွားသည် ။ Hyungနဲ့လက်ထပ်မယ့် သတို့သမီးလောင်းဆို၍ သူ့ကိုပေးမဝင်တာhyungသိရင် စိတ်ဆိုးသွားမယ်ထင်တာ ။ ခုစိတ်မဆိုးတဲ့အပြင် သူ့ဘက်ကဝင်ပြောပေးတာမို့ အနည်းငယ်တော့စိတ်သက်သာရသွားသည် ။ ဒီပုံစံအတိုင်းဆိုသတို့သမီးလောင်းရောဟုတ်ရဲ့လား ။ သူမလျှောက်ပြောနေတာပဲဖြစ်မှာပါ ။ ကိုယ့်ဘာကိုယ်ဖြည့်တွေးရင်ကျေနပ်လိုက်သည် ။
YOU ARE READING
Heart Change
Fanfictionနောက်ဘဝလူပြန်ဝင်စားရရင် hyungတို့နဲ့အတူ လာနေမယ်နော် လက်ခံမယ်မလားဟင် (Jung Hoseok) ငါ့ကိုချစ်တာ......မင်းလား မင်းရင်ဘက်ထဲကခုန်နေတဲ့နှလုံးသားလား (Min Yoongi) Hyung...