#Zawgyi
အခုဆိုကျွန်တော်လဲအားလုံးကောင်းနေပြီလေ..။ ကုမ္ပဏီမှာလဲ အလုပ်တွေပြန်လုပ်နိုင်နေပြီ..။ မကောင်းသေးတာကတော့ ကျွန်တော့ရဲ့မျက်လုံးပေါ့..။ ခုထိဝိဥာဉ်တွေကိုမြင်နေရသေးတယ်လေ..။
အလုပ်ကိုအာရုံစိုက်လုပ်နေတုန်း ရုံးခန်းတံခါးကိုဝုန်းကနဲ ဆောင့်ဖွင့်သံကြောင့်လူကဒေါသထွက်သွားရသည်..။ ကြည့်လိုက်တော့ဟိုမိန်းမ..။ ထင်တော့ထင်သား ငါ့ဝန်ထမ်းတွေ ဘယ်သူကမှဒီလိုစည်းမရှိကမ်း မရှိမလုပ်ပါဘူးလို့..။ ဆေးရုံတက်နေတဲ့တစ်ချိန်လုံးကျပျောက်နေပြီးတော့ ခုမှအလုပ်နဲ့အိမ်ကိုချောင်းပေါက်မတတ်လာနေတာ..ပြီးတော့ဝတ်ထားတာကိုလဲကြည့်ဦး လက်တလုံးအင်္ကျီ ဒူးလောက်ရှိတဲ့ကိုယ်ကျပ်စကပ်နဲ့ အပေါ်ကကုတ်ကိုခြုံရုံလေး ခြုံထားတာ..သူ့ကိုသူရုပ်ရှင်မင်းသမီးများထင်နေလားမသိ..။ဒီလိုမိန်းမကိုဘာလို့များလက်ထပ်ဖို့သဘောတူမိလဲမသိပါဘူး ခုလဲဘာလာလုပ်ပြန်ပြီလဲမသိ..။
"Oppa Miyoung shoppingသွားမလို့လိုက်ခဲ့ပေး"
Shoppingထွက်တာပဲ ကိုယ့်ဘာကိုထွက်ပါလား..။ ဘာလို့မအားတဲ့သူကိုလာခေါ်နေမှန်းမသိဘူး..။
"ငါ မအားဘူး မင်းဘာသာမင်းသွား"
"မရဘူး oppa လိုက်ခဲ့ပေး omma ကိုပြောပြီးသွားပြီ omma ကခေါ်သွားတဲ့"
ကျစ်...မေမေတို့ကအဲ့ဒါဘဲ။ မသွားချင်ပါဘူးဆို ဒီမိန်းမနဲ့ပဲ အမြဲသွားခိုင်းနေတော့တာပဲ။ ဒီမိန်းမကလဲတစိတ်ရှိomma ommaနဲ့ သူ့သွားစရာနေရာတွေကလဲမကုန်နိုင်မခမ်းနိုင်။ မတတ်နိုင်ဘူးလေ လိုက်ခဲ့ဆိုတော့လဲလိုက်ပေးရတာပေါ့..။
Mallကိုရောက်တော့လဲ ဝင်လိုက်တဲ့ဆိုင် ဝယ်လိုက်တဲ့ပစ္စည်း ဘာတွေများဒီလောက်ဝယ်စရာရှိနေလဲ မသိဘူး..။ ခုလဲရေမွှေးတွေဘက်ရောက်သွားပြန်ပြီ..။ အင်း..ရေမွှေးမြင်တော့ ဟိုတစ်နေ့ကတွေ့ခဲ့တဲ့ ကောင်လေးကိုတောင် သတိရမိသေး။ တွေ့လိုတွေ့ငြား လိုက်ရှာမိသေးတယ်။
"Oppa Minyoung ဗိုက်ဆာပြီ တစ်ခုခုသွားစားရအောင် "
တော်သေးတာပေါ့ ဗိုက်ဆာသေးလို့ပဲ လူကလဲသူ့နောက်လျှောက်လိုက်နေရလို့ညောင်းနေပြီ..။ သတိထားမိတယ်တစ်ခုရှိတယ်ဗျ..။ ကျွန်တော်တို့နောက်ကို လူတစ်ယောက်လိုက်နေတယ်..။ အစကတော့ ဒီတိုင်းသွားတာတူနေတယ်ပဲထင်တာ..။ အခုတော့မဟုတ်တော့ဘူး..။ တောက်လျှောက်လိုက်နေတာ..။ ဘာလဲ သူတို့ကိုခြေရာခံလိုက်နေတာလား..။ ပြိုင်ဘက်ကုမ္ပဏီတွေကလား..။ ကျွန်တော်တို့စားသောက်ဆိုင်ထဲဝင်သွားတော့လိုက်မလာတော့ဘူး..။ ဘာပဲဖြစ်ဖြစ် သတိနဲ့နေတာအကောင်းဆုံးပဲမလား..။
YOU ARE READING
Heart Change
Fanfikceနောက်ဘဝလူပြန်ဝင်စားရရင် hyungတို့နဲ့အတူ လာနေမယ်နော် လက်ခံမယ်မလားဟင် (Jung Hoseok) ငါ့ကိုချစ်တာ......မင်းလား မင်းရင်ဘက်ထဲကခုန်နေတဲ့နှလုံးသားလား (Min Yoongi) Hyung...