Arc 1.4

887 123 0
                                    

#Unicode

မနက်၁၁နာရီခွဲလောက်မှာ ချူချန်းရန် အလုပ်
တွေပြီးသွားတယ်၊ ပြီးတော့ ကျန်းယွဲ့ယွဲ့ကိုတစ်ချက်လှမ်းကြည့်လိုက်ပြီး နေ့လည်စာအတွက်
အပြင်ထွက်ဖို့ပြင်လိုက်တယ်။

အဲ့ဒီအချိန် လက်ထောက်ကျန်းက တံခါးခေါက်လိုက်ပြီး ရုံးခန်းထဲကိုဝင်လာကာ သိချင်နေတဲ့အသံနဲ့ မေးလိုက်တယ်
"ဥက္ကဌ အရှေ့စားပွဲကနေ ဖုန်းဝင်လာတယ်
ဝမ်းကွဲညီလို့ပြောတဲ့ လူငယ်လေးတစ်ယောက်
အောက်ထပ်မှာ ဥက္ကဌအတွက် နေ့လည်စာ
ယူလာတယ်တဲ့"

ချူချန်းရန် မျက်ခုံးကိုပင့်လိုက်မိတယ်
သူအပြင်မှာသွားစားဖို့ ပြင်နေပြီးပြီ။

လက်ထောက်ကျန်းက ဥက္ကဌရဲ့တုံ့ပြန်မှုကို အထင်လွဲသွားပြီး ချက်ချင်းတောင်းပန်လိုက်တယ်
"ကျွန်တော် တောင်းပန်ပါတယ်!
ကျွန်တော်ဒီကိစ္စကို ဖြေရှင်းလိုက်ပါ့မယ် ဥက္ကဌ"

"သူ့ကို တက်လာခိုင်းလိုက်" ချူချန်းရန် မျက်ခုံးကို ပွတ်လိုက်ပြီး စိတ်ညစ်စွာပြောလိုက်တယ်။

အခန်းထဲက ထွက်မလို့ပြင်နေတဲ့ လက်ထောက်ကျန်း တစ်ယောက် ချူချန်းရန်ရဲ့မည်းမှောင်နေတဲ့မျက်နှာကို ကြည့်ပြီး အေးခဲသွားတယ်။
သူထပ်မမေးရဲတော့ဘဲ ဝမ်းကွဲညီဆိုတဲ့တစ်ယောက်ကို ရုံးခန်းကို တက်လာဖို့ပြောလိုက်တယ်။

ခဏကြာတော့ စုယွီ နေ့လည်စာထမင်းဘူးအိတ်အကြီးကြီးကို သယ်ပြီး ရုံးခန်းထဲကို
လက်ထောက်ကျန်းအနောက်ကနေ လိုက်လာ
တယ်။ စုယွီ ချူချန်းရန်ကိုတွေ့တော့
သူ့အပြုံးတွေဝေဆာလာပြီး
"ဝမ်းကွဲအစ်ကို! ကျွန်တော် နေ့လည်စာယူလာတယ်"

ချူချန်းရန် မျက်ခုံးနှစ်ချက်လောက် တွန့်သွား
တယ်။သူ တစ်ဖက်သူကို ပြန်ဖို့ ပြောရန်
ပြင်လိုက်ပေမယ့် စုယွီက ထမင်းဘူးကို နေရာချလိုက်ပြီး သူ့ကိုပွတ်ကာ
"စားစရာတွေ အချိန်မှီမပြီးမှာစုိးလို့ ကျွန်တော်
စားတောင်မစားခဲ့ရဘူး   ဝမ်းကွဲအစ်ကို အလုပ်ကိုနောက်မှ လုပ်လိုက်ပါလား
အရင်လာစားလိုက်လေ"

စားစရာတွေ ရောက်နေမှတော့ ချူချန်းရန်
စုယွီကို ပြန်ပို့ဖို့ကို လက်လျှော့လိုက်တယ်။
သူ့လက်ထဲက ဖိုင်ကိုချလိုက်ပြီး မတ်တပ်ရပ်လိုက်တယ်။ လက်ထောက်ကျန်းက ရုံးခန်းထဲမှာ ရှိနေသေးတာကို မြင်တော့ ချူချန်းရန်
မျက်မှောင်ကြုတ်လိုက်ပြီး
"မင်းသွားပြီး အလုပ်လုပ်တော့"

ဇာတ်လိုက်တွေရဲ့ IQကို ငါ လိုက်ဖြည့်‌ေပးနေရတယ် (MM TRANSLATION) Where stories live. Discover now