#Unicode
စုယွီ တအံ့တဩနဲ့အိတ်ကိုယူလိုက်တယ်။
အိတ်အထဲမှာ ဘတ်စ်ကတ်ဘောlogoနဲ့ဘူးတစ်ဘူးပါတယ်။အဲ့logoကိုကြည့်ရုံနဲ့တင် ဒီပစ္စည်းကတော်တော်ဈေးကြီးမှန်း စုယွီအတပ်ပြောနိုင်တယ်။ပြန်စဥ်းစားမိလိုက်တော့မှ စုယွီ ချူချန်းရန်ကို
သူအထက်တန်းကျောင်းတုန်းကဘတ်စ်ကတ်ဘောကစားကြောင်း တစ်ခေါက်ပြောဖူးတယ်။
အဲ့ဒါကု ချူချန်းရန်က မှတ်မိပြီး သူ့အတွက်
အထူးဝယ်လာပေးတယ်ပေါ့လေ?သူမနေ့ကတင် ချူချန်းရန်ကို တမင်လှောင်ထားမိတာကို သတိရလိုက်မိတော့ သူရင်ထဲနောင်ရသွားမိတယ်။ စုယွီ ပြုံးပြလိုက်ကာ
"ကျေးဇူးတင်ပါတယ် ဝမ်းကွဲ ကျွန်တော် အရမ်း
ကြိုက်တယ်!"ချူချန်းရန်က စုယွီလက်ဆောင်ကိုကြိုက်ရဲ့လားဆိုတာ တိတ်ဆိတ်စွာဘဲကြည့်နေတယ်။
ဖွဖွလေး ခေါင်းငြိမ့်လိုက်ပြီး
"မင်းကြိုက်တယ်ဆိုတော့ ကောင်းတာပေါ့
ကိုယ် အပေါ်တက်တော့မယ်နော်""ကောင်းပြီ ဒါဆိုညစာအဆင်သင့်ဖြစ်ရင်
ကျွန်တော်ခေါ်လိုက်မယ် အစ်ကိုအောက်ဆင်းပြီး လာစားလိုက်နော်"
စုယွီ တောက်ပစွာ ပြုးံပြလိုက်တယ်။ချူချန်းရန်အပေါ်တက်သွားတော့မှ စုယွီ
ဘူးကိုဖွင့်လိုက်သည်။ အထဲမှာတော့ limited edition basketballကိုတွေ့လိုက်ရတယ်
သူလက်ဆောင်ကိုကြည့်လိုက်ကာ စုယွီနှုတ်ခမ်းလေးတွေ တွန့်ကွေးသွားတယ်။ကျန်းယွဲ့ယွဲ့ကကျောင်းဟော်ကို ချူချန်းရန်ဆီ
က ရတဲ့ပိုက်ဆံတွေကိုပေးလိုက်ပြီးတဲ့နောက်
သူမဒီကိစ္စပြီးပြီ လို့ဘဲထင်ခဲ့တယ်။တစ်ပတ်ကြာတော့ ကျောင်းဟော်က သူ့အကျင့်ဆိုးတွေပြန်စလာခဲ့တယ်။"ကိုယ်အတပ်ပြောရဲတယ် မင်းရဲ့ဥက္ကဌက မင်းအပေါ်ခံစားချက်တွေရှိနေတယ် မင်းကိုယ့်ကို
တစ်ခုခုဖုံးကွယ်ထားတယ်မလား?"
ကျောင်းဟော် အေးစက်စွာ ကျန်းယွဲ့ယွဲ့ကိုကြည့်လိုက်တယ်။ကျန်းယွဲ့ယွဲ့ ကျောင်းဟော်ကိုနာကျင်စွာကြည့်လိုက်တယ်။ သူမစိတ်တိုပြီးဒေါသထွက်သွားတယ်။
"ကျွန်မအကုန်ပြောပြပြီးပြီလေ ရှင်ပြောသလိုဘဲကျွန်မ ဖိနပ်လဲပြန်ပေးပြီးပြီ အခုကျွန်မနဲ့
ဥက္ကဌကြားမှ ဘာမှမရှိတော့ဘူး ကျွန်မတို့
ဒီကိစ္စကိုထပ်မပြောလို့မရဘူးလား?"
YOU ARE READING
ဇာတ်လိုက်တွေရဲ့ IQကို ငါ လိုက်ဖြည့်ေပးနေရတယ် (MM TRANSLATION)
RomanceTitle: I'm Scattering IQ to the Protagonist [Quick Transmigration] ; 我为主角播撒智商[快穿] Author: 送君十里 (Song Jun Shi Li) Status in Original Country: Complete - 192 chapters နိုနိုလေးနဲ့ ညီမလေး yeolli-khinတို့ရဲ့ collaboration workလေးပါရှင့်။