Arc 1.6

889 124 0
                                    

#Unicode

ကျန်းယွဲ့ယွဲ့ ဥက္ကဌရဲ့ရုံးခန်းအပြင်ကနေ အထဲကိုဝင်ဖို့ သတ္တိမွေးနေတာ အတော်ကြာပြီ။ ဘာလုိ့ကျောင်းဟော်က သူမကို ဥက္ကဌနဲ့အတင်းရင်းနှီးအောင်လုပ်ခိုင်းလဲ မသိဘူး။ ချူချန်းရန်နဲ့သူမကို ဖြစ်နိုင်ရင် မရှုပ်မရှပ်ဆက်ဆံရေးတစ်ခုတောင် ဖြစ်စေချင်နေတယ်။

ကျန်းယွဲ့ယဲ့ ကျောင်းဟော်ရဲ့တောင်းဆိုချက်ကိုနားမလည်ပေမယ့် သူက သူမနဲ့၃နှစ်တောင်တွဲလာတဲ့ ချစ်သူဆိုတော့ ဒီလိုဘာမဟုတ်တဲ့ကိစ္စ
နဲ့ ရန်မဖြစ်ချင်ဘူး အဲ့ဒါကြောင့် သူမသဘောတူခဲ့တယ်။

ကျန်းယွဲ့ယွဲ့လက်ထဲမှာ ဘူးတစ်ဘူးကိုကိုင်ထားပြီး အခန်းထဲဝင်ဖို့ကို တွန့်ဆုတ်နေမိတယ်။အဲ့ဒီအခ်ျိန် ရုတ်တရက် တံခါးပွင့်လာကာ ချူချန်းရန်နဲ့ တွေ့လိုက်ရတော့ ကျန်းယွဲ့ယွဲ့ခေါင်းထဲမှာ
ဘာပြောရမှန်းမသိဖြစ်သွားတယ်။

"ဥက္ကဌ,...ကျွန်မ..."ကျန်းယွဲ့ယွဲ့ အရမ်းစိတ်လှုပ်ရှားနေမိပြီး သူမပြောဖို့ပြင်ထားတဲ့ စကားတွေကိုတောု မမှတ်မိတော့ဘူး။

ချူချန်းရန် သူ့ရုံးခန်းထဲကနေဖုန်းပြောနေရင်းထွက်လာတယ်။ ကျန်းယွဲ့ယွဲ့ကိုမြင်တော့ သူ့မျက်ဝန်းတွေတစ်ချက်နူးညံ့သွားကာ ခေါင်းငြိမ့်ပြပြီး ဆက်လျှောက်သွားလိုက်တယ်။

ကျန်းယွဲ့ယွဲ့ စိတ်လှုပ်ရှားကာ သူမလက်ထဲကပန်းရောင်ဘူးလေးကို ကိုင်ထားတယ်။ ချူချန်းရန်က သူမကိုတစ်ခွန်းမှမပြောဘဲ ကျော်သွားတာကိုတွေ့တော့ သူမမသက်မသာခံစားလိုက်ရပြီး သတ္တိမွေးကာ ပြောလိုက်တယ်
"ဥက္ကဌ! ခဏလောက်စောင့်ပါဦး!"

ချူချန်းရန် ရပ်လိုက်ပြီး ကျန်းယွဲ့ယွဲ့ဘက်ကို လှည့်ကာ ဖုန်းချလိုက်တယ်
"ဘာဖြစ်လို့လဲ?"

"ကျွန်...ကျွန်မ..."ချူချန်းရန်သူမကို အေးစက်စွာ ကြည့်နေတာကိုမြင်တော့ သူမခုလေးတင်ပြောဖို့လုပ်ထားတဲ့အရာတွေ ချက်ချင်းပျောက်သွားတယ်။

ချူချန်းရန် မျက်မှောင်ကြုတ်လိုက်တယ်။ သူအမုန်းဆုံးက သူ့အချိန်တွေကိုလာဖြုန်းတာကိုဘဲ "မင်း ဘာလိုလို့လဲ?"

ဇာတ်လိုက်တွေရဲ့ IQကို ငါ လိုက်ဖြည့်‌ေပးနေရတယ် (MM TRANSLATION) Where stories live. Discover now