Arc 1.11

927 127 2
                                    

#Unicode

ကျန်းယွဲ့ယွဲ့ ပိုပြီးဆူညံစွာ ငိုကြွေးလာတယ်။
အခုချိန်မှာ သူမအရမ်းပျာယာခတ်နေကာ ဘာမှတွေးလို့မရဘူး။ချူချန်းရန်ရှေ့မှာ သူမဒူးထောက်ပြီး ငိုကာ
"ကျွန်မမှားတယ်ဆိုတာ သိပါတယ်
ဒါပေမယ့် ကျွန်မတကယ်မသိခဲ့တာပါ!
နောက်တစ်ခါ ထပ်မလုပ်တော့ပါဘူး!
ကျွန်မတောင်းပန်ပါတယ် ကျွန်မကိုလွှတ်ပေးပါ!"

ချူချန်းရန်ကတော့ဆက်ပြီး ကျန်းယွဲ့ယွဲ့ကို
လွှတ်ပေးမှာမဟုတ်တော့ဘူး။ သူတစ်ဖက်ကို
ကြည့်လိုက်တော့ စုယွီက သူ့ကိုကြည့်နေတာကို
သိလိုက်ပြီး ကျန်းယွဲ့ယွဲ့ကိုမေးလိုက်တယ်။
"ဒါဆိုငါတို့ဒီကိစ္စကို ဘယ်လိုဖြေရှင်းသင့်တယ်လို့ထင်လဲ?"

"ကျွန်မ..." ကျန်းယွဲ့ယွဲ့တွေးလိုက်တယ်
စုယွီက အရင်တစ်ခေါက်တုန်းက သူမကိုပြောထားတယ်လေ ပြဿနာတစ်ခုရှိရင် သူ့ကိုပြော သူကူညီပေးမယ်လို့ပြောထားဖူးတယ်လေ။
သူမမျက်ရည်တွေနဲ့အရောင်လဲ့ကာ
ကျန်းယွဲ့ယွဲ့ စုယွီ လက်ကိုကိုင်လိုက်ပြီး
တောင်းပန်လိုက်ပေမယ်သူမစိတ်ထဲမှာ မနာလိုမှုတွေနဲ့ပြည့်နှက်နေတယ်
"ကျွန်မပြင်ပါ့မယ် ကျွန်မနောက်ဆို အလုပ်သေချာလုပ်ပြီး ဥက္ကဌကို ကျေးဇူးပြန်ဆပ်ပါ့မယ်"

ချူချန်းရန် အဲ့ဒီမိန်းမကစုယွီလက်ကိုကိုင်ထားတာကိုမြင်တော့ မျက်နှာကြီး မည်းမှောင်သွားတယ်။အဲ့အရှက်မရှိတဲ့မ်ိန်းမကို စကားပြောခွင့်ပေးလိုက်တာကိုနောင်တရသွားတယ် အဲ့မိန်းမက
စကားပြောခွင့်ပေးထားတာကို အခွင့်အရေးယူ
ပြီးစုယွီ လက်ကိုကိုင်ထားတယ်လေ။ သူတောင်
စုယွီ လက်ကိုမကိုင်ရသေးတာ ကျန်းယွဲ့ယွဲ့က
လုပ်ရဲတယ်ပေါ့!

စုယွီ ကျန်းယွဲ့ယွဲ့ရဲ့ ဥာဏ်မရှိတာကိုကြည့်ပြီး
ရယ်လိုက်တယ်။သူ့လက်ကို ညင်သာစွာ
ရုန်းလိုက်ပြီး အံ့ဩတဲ့အသံလေးနဲ့ဖြေလိုက်တယ်
"ဒီလိုကိစ္စတွေလုပ်ပြီးတာတောင်မှ ဒီမှာ
အလုပ်လုပ်ဖို့ မျက်နှာရှိသေးတယ်လား?
ခင်ဗျားကို ဒီလိုလုပ်လို့ရတယ်လို့ဘယ်သူပြောလဲ? ကြည့်ရတာ ခင်ဗျားက ခင်ဗျားလုပ်ခဲ့တဲ့
ကိစ္စက ဘယ်လောက်အမှုကြီးလဲဆိုတာမသိသေးတဲ့ပုံဘဲ"

ဇာတ်လိုက်တွေရဲ့ IQကို ငါ လိုက်ဖြည့်‌ေပးနေရတယ် (MM TRANSLATION) Where stories live. Discover now