Arc 1.12.End

1.1K 141 0
                                    

#Unicode

ကျန်းယွဲ့ယွဲ့ စုယွီကို ဆွံ့အစွာကြည့်နေမိပြီး
အခုချိန်မှာ သူမဘာပြောရမှန်းမသိတော့ဘူး။

ထိုလက်ချင်းခ်ျိတ်ထားတဲ့လက်တစ်စုံက အရမ်းကိုထင်းနေပြီး ချူချန်းရန် သူ့ရဲ့စိတ်လှုပ်ရှားနေတဲ့အမူအရာကိုထိန်းချုပ်လိုက်ပြီး အတတ်နိုင်ဆုံး မျက်နှာကိုတည်ထားလိုက်တယ်။
"ဟုတ်တယ်...ငါနဲ့အားကျန်းကချစ်သူတွေ
ဒါကြောင့် Ms.ကျန်းအနေနဲ့ ငါတို့ရဲ့ဆက်ဆံရေးကို နှောင့်ယှက်မယ့်ကိစ္စတွေကို ရှောင်ကျဉ်

ပေးရင်ကောင်းမယ်"

အဲ့ဒီနောက်မှာ ချူချန်းရန် သူ့ကို အံ့အားသင့်
စွာကြည့်နေတဲ့ လက်ထောက်ကျန်းကို ကြည့်
လိုက်တယ်။သူ့သူဌေးက သူ့ကိုကြည့်နေတာမြင်
တော့ သူမြန်မြန်ဘဲ ကျန်းယွဲ့ယွဲ့ကိုဆွဲထုတ်သွားလိုက်တယ်။

အခုချိန်မှာ ကျန်းယွဲ့ယွဲ့ သူ့ကိုဆွဲထုတ်နေတဲ့သူတွေကို မတွန်းထုတ်နိုင်တော့ဘဲ ငြိမ်သက်စွာ
လိုက်ပါသွားတယ်။ ရုံးခန်းထဲမှာ နောက်ဆုံး
တော့ သူတို့နှစ်ယောက်ဘဲကျန်ခဲ့တယ်
ချူချန်းရန်ရဲ့တည်ထားတဲ့မျက်နှာဖုံးကွာကြသွားကာ
"အားကျန်း...ခုနကဘာပြောလိုက်တာလဲ
ပြန်ပြောပေးပါလား?"

စုယွီ ချူချန်းရန်ကိုတစ်ချက်ကြည့်လိုက်ပြီး သူတို့တွဲထားလက်ကိုငုံ့ကြည့်ကာ
"အရင် ကျွန်တော့်ကိုလွှတ်အုန်း"

"ကိုယ့်ကိုအရင်ဖြေ"
ချူချန်းရန် သူ့လက်ကိုမလွှတ်တဲ့အပြင် ပိုတင်းကျပ်အောင်ဆုပ်ကိုင်လိုက်တယ်။

စုယွီခဏတိတ်ဆိတ်သွားတယ်။ ချူချန်းရန်ကအဖြေကို စိတ်လှုပ်ရှားစွာဆက်စောင့်နေတာကို
မြင်တော့ စုယွီရယ်ရမလိုငိုရမလိုတောင်ဖြစ်သွားတယ်။

"အခုတော့မဟုတ်သေးဘူး။ ကျွန်တော်တို့
နောက်မှပြောကြတာပေါ့"

နေ့တစ်ဝက်လောက်ထိုင်စောင့်လိုက်ရတဲ့ချူချန်းရန် ရုတ်တရက်တွင်းနက်ထဲကျသွားသလိုဖြစ်
ကာ စိတ်လှုပ်ရှားစွာပြောလိုက်တယ်
"ဘာလို့ကိုယ်တို့ထပ်စောင့်ရအုန်းမှာလဲ
ကိုယ်မင်းကိုတကယ်ချစ်တာပါ။ မင်းတကယ်လို့
ကျန်းယွဲ့ယွဲ့ရဲ့ကိစ္စပြီး စိုးရိမ်နေတယ်ဆိုရင်
ကိုယ်လုပ်ပေးနိုင်...."

ဇာတ်လိုက်တွေရဲ့ IQကို ငါ လိုက်ဖြည့်‌ေပးနေရတယ် (MM TRANSLATION) Où les histoires vivent. Découvrez maintenant