Arc 2.20 (Uni)

761 99 10
                                    

အခန်း ၃၂ | Arc 2

နားလည်မှုလွဲမှားမှုကို ဖြေရှင်းပြီး ချစ်ခြင်းမေတ္တာ၏ ဇာတ်ဝင်ခန်းကို ပြီးပြည့်စုံစေခြင်းဖြင့် ဘောလုံးလေး ကိုလည်း သေလုနီးပါး ပါးစပ်ပိတ်သွားခဲ့သည်။ အိုး၊ စင်ဂယ်ခွေးတွေက ဤအိမ်ထောင်စုတွင် အမှန်တကယ် အခွင့်အာဏာမရှိပေ။

ဖုန်းချလိုက်ပြီးနောက် စုယွီသည် လန်းဆန်းသွားသည်။ ခန္ဓာကိုယ်အနှံ့ ပန်းနုရောင်အလင်းတန်းများ ထုတ်လွှတ်နေသေးသော ဘောလုံးလေးကို မသိစိတ်ဖြင့် လက်ဝှေ့ယမ်းကာ "ကျောက်အင်တာတိန်းမန့်ရဲ့ စတော့ရှယ်ယာတွေကို စောင့်ကြည့်ပေးထားဦး။ ဘယ်သူမဆို ရောင်းလာရင် လျှော့ဈေးနဲ့ ဝယ်ထား။ ငါ့ရည်မှန်းချက်က ရှယ်ယာအနည်းဆုံး ၂၉ ရာခိုင်နှုန်း ရဖို့ပဲ။"

စုယွီ​က လက်ရှိတွင် ရှယ်ယာ ၂၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။ ရှယ်ယာ ၂၉ ရာခိုင်နှုန်း အနည်းဆုံး ရမှသာလျှင် ထိန်းချုပ်နိုင်မှာဖြစ်သည်။ သူ့တွင် ရှယ်ယာအများဆုံးရှိထားလျှင် ကျောက်အင်တာတိန်းမန့်ကို အကြွင်းမဲ့အာဏာဖြင့် ထိန်းချုပ်ထားနိုင်သော ရှယ်ယာရှင်ကြီး ဖြစ်လာမည် ဖြစ်သည်။

22% + 29% = 51% သည် အလွန်ရိုးရှင်းသော သင်္ချာပုစ္ဆာတစ်ခုဖြစ်သည်။

ဘောလုံးလေးက ပန်းရောင်မီးလုံးများကို ပြင်းပြင်းထန်ထန် ငြိမ်းသတ်လိုက်ပြီး "စျေးကွက်ထဲမှာ ရှယ်ယာ ၂၉ ရာခိုင်နှုန်းအထိ အရောင်းမရှိသေးရင် ဘာဖြစ်မလဲ။" ဟု အလေးအနက်မေးကာ မှတ်ဉာဏ်အတွက် တာဝန်ကို ထမ်းဆောင်ခဲ့သည်။

စုယွီကြောင့် ထွက်လာသည့်သတင်းက ကျောက်အင်တာတိန်းမန့်၏ စတော့ရှယ်ယာများအပေါ် များစွာအကျိုးသက်ရောက်မှုရှိမည် ဖြစ်သော်လည်း၊ လူတိုင်းကို ၎င်းတို့၏ရှယ်ယာများရောင်းချဖို့ ဆွဲဆောင်ရန် တွန်းအားတစ်ခု ဖြစ်နိုင်မည် မဟုတ်ပေ။ လောလောဆယ်တွင် စုယွီနဲ့ ကျောက်ယွမ်ရဲ့ ရှယ်ယာများ ပေါင်းစပ်မှုက ၆၀ ရာခိုင်နှုန်းအထိ တိုးလာသည်။ ထို့ကြောင့် ကျန် ၄၀ ရာခိုင်နှုန်းက အခြားသော အစုရှယ်ယာရှယ် အသေးစားများကြားတွင် ပြန့်ကျဲနေသည်။

ဇာတ်လိုက်တွေရဲ့ IQကို ငါ လိုက်ဖြည့်‌ေပးနေရတယ် (MM TRANSLATION) Opowieści tętniące życiem. Odkryj je teraz