#Unicode
စုယွီနဲ့ချူချန်းရန် အဖို့ ကစားကွင်းကို
ပထဆုံးအနေနဲ့ရောက်ဖူးခြင်းဘဲ။
လမ်းမကျွမ်းကျင်တဲ့သူတို့နှစ်ယောက် ကစားကွင်းမြေပုံကိုကြည့်ပြီး စိတ်ဝင်စားဖို့အကောင်းဆုံး
စီးစရာတွေကိုလိုက်စီးကြတယ်။အရင်ဆုံး ရဟတ်ယာဉ်ကိုစီးပြီး
ရိုလာကိုစတာ၊မြင်းရဟတ်၊ရေလွှာမိချောင်း၊
သရဲအိမ်.....အကုန်ပတ်ဆော့နေလိုက်ကြတယ်။သူတို့နှစ်ယောက်ရဟတ်ယာဉ်စစီးတော့ သူတို့ကိုဟာသူတို့တော့ ဘာအတွေးမှမရှိဘူး။
ဒါပေမယ့်အရွယ်ရောက်ပြီးသားကောင်လေးနှစ်ယောက် က ရဟတ်ယာဉ်ကိုတူတူစီးကြတဲ့ပုံက တကယ်ကြောက်စရာကောင်းလှအောင်
လှတာမို့ လူတွေကသူတို့ကိုမကြည့်ရဲကြဘူး။
ရဟတ်ယာဉ်တံခါးလာပိတ်ပေးတဲ့ ဝန်ထမ်းကောင်လေးတောင်မှ သူတို့ကို စိတ်ရောဂါဖြစ်နေတဲ့သူလိုမျုိး ထူးထူးဆန်းဆန်းကြည့်သွားတယ်။
ကံကောင်းစွာနဲ့ သူတို့နှစ်ယောက်လုံးက လူတိုင်းရှိန်ရလောက်အောင် ခံ့ညားနေတယ်။ အစကတော့ ချူချန်းရန်က သူ့ရဲ့ဥက္ကဌလိုအေးစက်တဲ့
အငွေ့အသက်တွေထုတ်လွှတ်နေပြီး သူဘာတွေးနေလဲဆိုတာ သူ့မျက်နှာကိုကြည့်ပြီး ခန့်မှန်းလို့မရဘူး။ တစ်ဖက်မှာတော့ စုယွီကပိုပြီးတောင် တည်ငြိမ်နေသေးတယ်။ရဟတ်ယာဉ်လေးက
တဖြည်းဖြည်းမြင့်လာတာနဲ့အမျှ ကမ္ဘာကြီးက
တဖြည်းဖြည်းသေးလာတာကို ကြည့်နေမိတယ်။အဆုံးမှာတော့ စုယွီ တစ်ဖက်ကိုလှည့်ကာ
သူ့ကိုတစ်ချိန်လုံးစိုက်ကြည့်နေတဲ့ ချူချန်းရန်ကို
"ဝမ်းကွဲအစ်ကို ရဟတ်ယာဉ်ကို ပထမဆုံးစစီး
ဖူးတာမလား?""ကိုယ့်နာမည်ကိုခေါ်" ချူချန်းရန် စုယွီရဲ့အခေါ်အဝေါ်နဲ့ပတ်သက်ပြီး အရမ်းကိုလေးနက်နေတယ်။
အမှန်တော့ စုယွီ ချူချန်းရန်ကိုခေါ်တဲ့အခေါ်အဝေါ်အပေါ်သိပ်ဂရုစိုက်တာမဟုတ်ဘူး။
သူ့ကို "ဝမ်းကွဲအစ်ကို" လို့ခေါ်တာက အကျင့်ဖြစ်နေပြီးတော့ အခုမှပြန်ပြင်ခေါ်ရတာကိုပျင်းလို့ဖြစ်တယ်။
"ဟုတ်ပါပြီ ချူချန်းရန် ဒါခင်ဗျားရဲ့ပထမဆုံးအနေနဲ့ ရဟတ်ယာဉ်စစီးဖူးတာမဟုတ်လား"
ESTÁS LEYENDO
ဇာတ်လိုက်တွေရဲ့ IQကို ငါ လိုက်ဖြည့်ေပးနေရတယ် (MM TRANSLATION)
RomanceTitle: I'm Scattering IQ to the Protagonist [Quick Transmigration] ; 我为主角播撒智商[快穿] Author: 送君十里 (Song Jun Shi Li) Status in Original Country: Complete - 192 chapters နိုနိုလေးနဲ့ ညီမလေး yeolli-khinတို့ရဲ့ collaboration workလေးပါရှင့်။