Extra ( Covid )

14.5K 1.4K 411
                                    

#For Zawgyi

ငြိမ်းချမ်းရေးတစ်ယောက် ကုတင်ပေါ်တွင် ဝက်ရုပ်ခေါင်းအုံးကို ပိုက်ကာ စူပုတ်လျက် ထိုင်နေ၏ ။ ကုတင်ဘေးမှာ နွားနို့ဖန်ခွက်ကိုင်လျက် ခုံတစ်လုံးနှင့် ထိုင်နေသူက မိုးယံ ။

" ဒီနွားနို့တစ်ခွက်တော့ ကုန်အောင်သောက်လိုက်ပါ ချမ်းလေးရာ...နော် "

" ဟာ နွားနို့ကြီး ချမ်း မကြိုက်ပါဘူးဆို "

တွန့်လိမ်စပြုလာတဲ့ ချမ်းအား နိုင်ဘုန်းလူက အတော်ကြီး စိတ်ကို ဆွဲဆန့်ထားရဟန်နှင့်

" နွားနို့မသောက်ချင်ရင် ဒီ မြူစွမ်ကို သောက်လေကွာ "

" မြူစွမ်ထဲက ကြက်ပေါင်ကြီး မစားချင်ဘူး "

လွန်ခဲ့သော ဆယ့်ငါးရက်ခန့်မှစလို့ လွိုင်ကော်မှာ သွားနေတဲ့ ခိုင်ဘုန်းဖြူ နဲ့ အရီးက လွဲပြီး ငြိမ်းချမ်းရေးတို့ တစ်အိမ်လုံး Covid positive ဖြစ်ခဲ့ကြသည် ။ ဖျားနာကြပြီဆိုတော့ ထူးနဲ့ချမ်းလည်း ကွန်ဒိုကနေ ခဏပြောင်းကာ နိုင်ဘုန်းတို့နှင့် အတူတူ ပြန်လာနေနေရ၏ ။ အိမ်မှာနေရင်း မိုးယံရဲ့ စီစဉ် ညွှန်ကြား ကုသမှုနဲ့ ယခုတော့ အားလုံး Negative ပြန်ဖြစ်နေကြပြီ ။

သို့သော် ငြိမ်းချမ်းရေးတစ်ယောက်ကတော့ ပင်ကိုယ် ကိုယ်ခံအားနည်းသူမို့ ကျန်သူတွေလို ပကတိအကောင်းအတိုင်းပြန်မဖြစ်သေးဘဲ ဖြူဖတ်ဖျော့တော့နေသေးသည် ။

ဒါ့ကြောင့် အားရှိအောင် ဂရုစိုက်ကျွေးမွေးပြုစုနေသည်ကို ကောင်းကောင်းနားမထောင်ဘဲ ဂျီကျဂျစ်တိုက်နေသော တူဖြစ်သူအား နိုင်ဘုန်းလူမှာ နားရင်းအုပ်ချင်လှတော့သည် ။ နလန်ထစ လူမမာလေးမို့သာ စိတ်ကိုထိန်းနေရတာဖြစ်၏ ။

မိုးယံကတော့ သူ့ညီကို စိတ်ရှည်လက်ရှည် ချော့နေလေသည် ။

" မြူစွမ်ချည်းပဲ သောက်ရင် ဘယ်အားရှိမလဲ ၊ ကြက်ပေါင်လေးပါ စားမှ အားရှိမှာပေါ့ ၊ ချမ်းလေးက လိမ္မာပါတယ် ၊ စားလိုက်နော်... "

" ဟင့်အင်း...စားချင်ဘူး ၊ ရေခဲမုန့်ပဲ စားချင်တယ် "

" ငါကွာ.... "

စိတ်တိုလာသော နိုင်ဘုန်းလူကို မိုးယံက လက်ကာပြရင်း တားသည် ။

အသကျဆကျ သှေး ( အသက်ဆက် သွေး )Completed Where stories live. Discover now