ကျေးဇူးတင်လွှာ (ကျေးဇူးတင်လွှာ)

17K 1.3K 129
                                    

#For Zawgyi

၁၂.၄.၂၀၂၀ မှာ စတင်ခဲ့တဲ့ "အသက်ဆက် သွေး" ဆိုတဲ့ ကိုယ့်ရဲ့ ဒုတိယမြောက်ဖန်တီးမှုလေးကို အချိန် ၅ လကျော်ကြာပြီးတဲ့နောက်မှာ အဆုံးသတ်နိုင်ခဲ့ပါပြီ ။

ပြီးတော့ ဒီနေ့က ကိုယ် Wattpad မှာ စာစ,ရေးတာ တစ်နှစ်တိတိပြည့်တဲ့နေ့ပါ ။ လွန်ခဲ့တဲ့နှစ် ဒီလိုနေ့မှာ ပထမဆုံးဖန်တီးမှုဖြစ်တဲ့ "လမင်းမျှော်သူ" ကို စတင်ခဲ့ပါတယ် ။ အခု တစ်နှစ်ကြာပြီးတဲ့နောက် ဒုတိယဖန်တီးမှုဖြစ်တဲ့ "အသက်ဆက် သွေး" ကို အဆုံးသတ်ဖြစ်ခဲ့တာကတော့ တကယ်ကိုအမှတ်တရပါပဲ ။

ကိုယ်ရေးနေကျ type မဟုတ်ဘဲ ပုံစံခွဲထွက်ပြီးရေးကြည့်ချင်တာကြောင့် မဝံ့မရဲနဲ့ စွန့်စွန့်စားစား အားထုတ်ခဲ့ရတဲ့ ဇာတ်လမ်းလေးမို့ အမှတ်တရပိုဖြစ်မိပါတယ် ။ ရေးနေမကျတဲ့ပုံစံနဲ့ ဇာတ်လမ်းမို့ မနိုင်မနင်းဖြစ်မှာ ၊ မပီပြင်မှာ ၊ စာဖတ်သူတွေ စိတ်တိုင်းမကျမှာ စသဖြင့် တော်တော်ကြီးကို စိုးရိမ်ခဲ့ရတာပါ ။

ဒါပေမယ့်လည်း ကိုယ့်အားနည်းချက်တွေကိုအပြစ်မမြင်ဘဲ အားပေးခဲ့တဲ့ reader တွေကြောင့် ကိုယ် အခုလိုအဆင်ပြေပြေနဲ့ အဆုံးထိလှမ်းလျှောက်နိုင်ခဲ့ရတယ် ။ ဒါ့ကြောင့် Ongoing တောက်လျှောက် ကိုယ်နဲ့အတူတူရှိပေးတဲ့ silent reader တွေ ၊ vote နဲ့ comment တွေပေးပြီး ဖတ်ပေးကြတဲ့ reader တွေ....တစ်ယောက်စီတိုင်း တစ်ယောက်စီတိုင်းကို ကျေးဇူးအထူးတင်ပါတယ် ။

အချိန်အနည်းငယ်ယူပြီးရင် Extra တွေနဲ့ ပြန်လာခဲ့မှာမို့ ဦးသာ နဲ့ ချမ်း ကို ဆက်ပြီးချစ်ပေးကြပါဦးနော် ။

Wattpad group တွေမှာ "အသက်ဆက် သွေး" လေးကို review ရေးပေး ၊ ညွှန်းပေး ၊ Link ချပေးကြတဲ့ reader လေးတွေကိုလည်း ဒီကနေပဲ ကျေးဇူးတင်ကြောင်း ပြောလိုက်ပါရစေ ။

ပြီးတော့ ညီမလေး ယွန်း (Yoon Y.M.A) လမင်းမျှော်သူ ongoing ကတည်းက တောက်လျှောက်အတူတူရှိပေးခဲ့ပြီး ကိုယ် update နားတဲ့အချိန်တိုင်း ၊ ကျန်းမာရေးကြောင့် ဘာကြောင့် ညာကြောင့် စသဖြင့် ပျက်ကွက်ခဲ့တဲ့အချိန်တွေတိုင်းမှာ တစ်ခါလေးသော်မှ အပြစ်မတင်ဘဲ နားလည်မှုအပြည့်နဲ့ ရှိပေးခဲ့လို့ ကျေးဇူးတင်ပါတယ် ညီမလေးရေ ။ cb မှာ စကားတွေအများကြီးမပြောဖြစ်ကြပေမယ့် update တိုင်းမှာ ရှိနေတတ်တဲ့ ညီမလေးရဲ့ မန့်တွေက ကိုယ့်ကို တကယ်ပဲ ခွန်အားဖြစ်စေခဲ့တာပါ ။ ဆက်လက်ပြီးလည်း ဒီအစ်မနဲ့အတူတူရှိနေပေးပါဦးလို့ တောင်းဆိုလိုက်ပါရစေ.....။

အသကျဆကျ သှေး ( အသက်ဆက် သွေး )Completed Where stories live. Discover now