အပိုင်း - ၆ (Zawgyi + Unicode)

27.8K 3.1K 446
                                    

#For Zawgyi

လူကြီးရဲ့ မေးခွန်းကို ချမ်း တကယ်ပဲ မဖြေနိုင်ပါလေ ။ ဒီလိုတွေအနှိမ်ခံရခြင်းအပေါ်မှာ ခံစားရပါတယ်လို့ ပြောရင်ရော ချမ်းရှေ့မှာရပ်နေတဲ့ ဒီလူကြီးက ယုံပေးမှာတဲ့လား ။ မယုံမှာကို သိနေတဲ့အတူတူတော့ ဘာတစ်ခုမှ လျှောက်လဲချက်မပေးချင်တော့ပြီ ။ အယူခံမဝင်ရဲလောက်အောင်ကိုပဲ ကိုယ်ကလည်း မိုက်တွင်းနက်ခဲ့သည်ကိုး ။

" လိုလေသေးမရှိ ဖြည့်ဆည်းပေးတာချင်းအတူတူ သူများသားသမီးက ဆရာဝန်ဖြစ်ပြီး ကိုယ့်သားကတော့ ဆယ်တန်း ၃ ခါကျ ဆိုတဲ့ အခြေအနေကြီးမှာ မင်းအမေ နေပျော်နေတယ်လို့များ ထင်သလား...ချမ်း "

ဒီမေးခွန်းကိုလည်း ချမ်း မဖြေနိုင်ပြန်ပါ ။ လူကြီးကလည်း မေးခွန်းသာ ထုတ်ပြီး ချမ်းထံမှ အဖြေကိုတော့ မျှော်လင့်ဟန်လည်း မတူပါချေ ။ သူ ပြောလိုရာကိုသာ ဆက်ပြောပြန်ပါ၏ ။

" မင်း ဆယ်တန်းကို တကယ်ပဲ မအောင်ချင်တော့တာလား "

လူကြီးက ဒီမေးခွန်းအတွက်တော့ ချမ်းထံမှအဖြေကို လိုချင်ပုံပေါ်လေသည် ။ စူးစိုက်ကာကြည့်ရင်း မေးလာသည်မို့

" အဲ့ အဲ့လိုတော့ မဟုတ် "

" ဒါဖြင့် ဘယ်လိုလဲ ပြောစမ်းပါဦး ၊ မင်း ဆယ်တန်းမအောင်တာက ဥာဏ်မကောင်းလို့ဆိုတာမျိုးကတော့ ဘယ်နည်းနဲ့မှမဖြစ်နိုင်တာ ငါသိပြီးသား ၊ သိပ်တော်တဲ့မိဘနှစ်ပါးက မွေးဖွားလာတဲ့မင်းဟာ ဥာဏ်ရည်မကောင်းစရာ ဘာအကြောင်းမှမရှိဘူး ၊အဲ့တော့ မင်းညံ့နေရတဲ့အကြောင်းအရင်းက ပျင်းနေလို့ပဲ ဖြစ်မှာ ၊ ငါပြောတာ ဟုတ်လား "

အဲ့လို အားမနာလျှာမကျိုး ဒဲ့ကြီးမေးလာတော့ ဒီကောင်က ဘယ်လိုဖြေရတော့မှာလဲ ။ ဟုတ်ပါတယ်ခင်ဗျာ...ကျွန်တော်အပျင်းကြီးလို့ပါဆိုပြီး မျက်နှာပြောင်ပြောင်နဲ့ ဝန်ခံချလိုက်ရမှာလား ။

တော်တော်ခက်တဲ့ လူကြီးပဲဗျာ ။

ချမ်း ဖြေရခက်နေတာကို သိလို့ပဲလား မပြောတတ် ။ အတင်းကာရောတော့ မေးမလာချေ ။

" မမ နဲ့ လူလူက မင်းအပေါ် ဘာများတာဝန်မကျေတာရှိလဲ "

" မရှိပါဘူး "

အသကျဆကျ သှေး ( အသက်ဆက် သွေး )Completed Where stories live. Discover now