Extra (Mdy trip)

33K 2.7K 529
                                    

#For Zawgyi

ပြင်ပမှအလင်းရောင်က ချထားတဲ့လိုက်ကာပြာလွင်လွင်ကို ဖောက်ကာ အခန်းထဲအထိ ဖြာကျနေပုံထောက်တော့ အပြင်မှာ အတော်လေး နေမြင့်နေပုံရလေသည် ။

အိပ်ရာနိုးလို့မျက်လုံးဖွင့်ဖွင့်ချင်း ရင်ခွင်ထဲကချမ်းကို အရင်ဆုံးငုံ့ကြည့်ကာ နဖူးပြင်လေးအား နမ်းမွှေးမိတာက မနက်ခင်းတိုင်း ထူးလုပ်နေကျထုံးစံတစ်ခု ။ အခန်းတွင်း စိမ့်နေတဲ့ Air-con ကြောင့် ပြင်ပမှနေရောင်ထိုးနေသည့်တိုင်အောင် ကောင်ငယ်လေးက ဆက်အိပ်လို့ကောင်းနေဆဲ ။ နိုးသွားမှာစိုးတဲ့စိတ်နဲ့ ရင်ခွင်ထဲက လူသားလေးကို အသာလေး မ,ရွှေ့ဖို့ပြင်တုန်းမှာပဲ

" အင် ဦးသာ အိပ်ရာမ,ထသေးနဲ့ဦး "

မျက်မှောင်ကိုကြုတ် နှုတ်ခမ်းကိုစူကာ မျက်လုံးမဖွင့်ဘဲ ဂျီတိုက်လာလေသော ကောင်ကလေးက ဖယ်ပေးဖို့နေနေသာသာ...ထူးရင်ခွင်ထဲကို ပိုလို့ပင်ခေါင်းတိုးဝင်ပြီး ခါးကိုပါ သူ့လက်နှင့် သိုင်းဖက်လာသေးသည် ။ ဒါဟာ ထူးကို ဘယ်နည်းနဲ့မှ အိပ်ရာမထစေချင်သေးကြောင်း ရာဇသံတစ်ခုပါပေ ။

" ၇ နာရီ ထိုးနေပြီလေ ချမ်းရဲ့ "

" ထိုးပေ့စေ ၊ ချမ်းက ဒီနေ့မှ ကောင်းကောင်းအိပ်ရတဲ့ဟာကို "

အင်း ချမ်းပြောတာလည်း ဟုတ်သည် ။ အရင်နေ့တွေက ချမ်းခမျာ မနက် ၈ နာရီ စ,တဲ့ သင်တန်းမီအောင် နေ့တိုင်းအိပ်ရာစောထ,ခဲ့ရသည်လေ ။ မနေ့ကမှ ပြီးသွားတဲ့ထိုသင်တန်းကြောင့် ဒီနေ့ကို အတိုးချပြီး ဇိမ်ယူကာအိပ်ချင်နေပုံရသည် ။

" အင်း ချမ်းက ဆက်အိပ်လေ နော် ၊ အေးအေးဆေးဆေး ထ,ချင်တဲ့အချိန်မှ ထ,လာခဲ့ "

" ဟင့်အင်း ချမ်းလည်း မထဘူး ၊ ဦးသာလည်း မထသေးနဲ့ "

" ကိုယ် လက်စသတ်စရာအလုပ်တွေရှိသေးတယ် ကလေးပေါက်စရဲ့ ၊ ဒီညနေ ကိုနေလင်းကို Design တွေ အကုန်အပ်ရမှာ ၊ ချိန်းထားပြီးသားဖြစ်နေပြီမို့လို့ ကိုယ်ပြီးအောင်လုပ်မှဖြစ်မယ်လေ "

" ဆယ့်ငါးမိနစ်ပဲ.....ဆယ့်ငါးမိနစ်လေးပဲ ဒီတိုင်းချမ်းကိုဖက်ထားပေး ၊ ပြီးရင် ချမ်းလည်း ဦးသာနဲ့အတူတူ အိပ်ရာထပြီး ဦးသာအတွက် breakfast ပြင်ပေးမယ်....နော်...နော် "

အသကျဆကျ သှေး ( အသက်ဆက် သွေး )Completed Where stories live. Discover now