အပိုင်း - ၂၀ (Zawgyi + Unicode)

24.9K 2.8K 267
                                    

For Zawgyi

ချမ်း Harry's Bar ရဲ့ ညမြင်ကွင်းကို စိတ်ရှုပ်ရှုပ်နှင့် ထိုင်ကြည့်နေမိသည် ။ အရင်ကတော့ ဒီကိုလာတိုင်း သူ့စိတ်က တက်ကြွကာ ပျော်ခဲ့ဖူးတာကို ပြန်သတိရသည် ။ အခုတော့ဖြင့် မပျော်တဲ့အပြင် စိတ်ထဲတောင် နောက်ကျိလာသလိုပင် ။ ဟိုကောင်တွေအတင်းဆွဲထားလို့သာ ဆက်ထိုင်နေရတာ လူက တော်တော်ပြန်ချင်နေပြီ ။

" ချမ်း မင်းတကယ် Orange juice နဲ့ပဲ ပြီးတော့မှာလား "

" အေး "

" မင်းကွာ... Bar ကို လာထိုင်ပြီး အအေးပဲသောက်နေရတယ်လို့ အထာမကျလိုက်တာ ၊ အရင်ကတော့ Harry's Bar က beer ကိုမှ ကြိုက်တာပါဆို "

" အခုလည်း မကြိုက်ဘူးလို့ ငါမပြောပါဘူး ၊ ဒီည အိမ်မှာ စာသင်ရဦးမှာမို့ မသောက်တာ "

ပွစိပွစိလုပ်နေသော နေရောင်ဆိုတဲ့ကောင်ရဲ့စကားကို တုန့်ပြန်ပြောရင်း စိတ်ရှုပ်ရှုပ်နှင့် မျက်စိရှေ့က ငါးရေခွံကြော်တွေကို တဂျွမ်းဂျွမ်းကိုက်စားနေမိသည် ။ အိမ်ပြန်ချင်စိတ်ပဲ များနေလို့လားမသိ ။ အရင်က မတရားကြိုက်ခဲ့တဲ့ ငါးရေခွံကြော်ကတောင် ခုချိန်မှာ အရသာမရှိတော့သလို ခံစားနေရသည် ။

" တစ်ရက်တစ်လေ မသင်နဲ့ပေါ့ကွ "

" မသင်လို့ရမလားဟ ၊ စာမေးပွဲက ရှေ့လဆိုဖြေရတော့မှာ "

" စာမေးပွဲပဲ မဖြေဖူးတာကျလို့... မင်းကလဲ "

" မတူဘူးဟေ့ကောင် ၊ ငါ ဒီတစ်ခါ တကယ်အောင်,အောင်ဖြေမှာ "

ခပ်တင်းတင်းပင် ပြောချမိတော့ ဟိုကောင်တွေလည်း ဘာမှဆက်ပြောမလာတော့ဘဲ သူတို့ဟာသူတို့ ဆက်သောက်နေကြသည် ။

တကယ်ပါ ။ ချမ်းကိုယ်ချမ်းလည်း အံ့သြသည် ။ အရင်တုန်းကများ ဒီမှာထိုင်ရတာကို နှစ်ခြိုက်လွန်း၍ တစ်ပတ်ကို သုံးကြိမ်လောက် အမြဲတမ်းလာဖြစ်သည် ။

ချမ်းတို့လို အမြဲတမ်းလာနေကျ လူငယ်ချင်းတွေ မျက်မှန်းတန်းမိကာ ဟိုဘက်ဝိုင်း ဒီဘက်ဝိုင်း , ဟိုဘက်အဖွဲ့ ဒီဘက်အဖွဲ့တွေအချင်းချင်း ကလိတိတိ ရိတိတိတွေလျှောက်ပြောကြသည် ။ အဆင်ပြေလျှင် ဘော်ဒါတွေအဖြစ် မိတ်ဖွဲ့ကြသည် ။ ဒီထက်အဆင်ပြေပြီး ရည်းစားဖြစ်သွားတာမျိုးတွေတောင် ချမ်းတို့သူငယ်ချင်းအဖွဲ့ထဲမှာ ရှိသေးသည် ။

အသကျဆကျ သှေး ( အသက်ဆက် သွေး )Completed Where stories live. Discover now