အပိုင်း - ၂ (Zawgyi + Unicode)

41.4K 3.7K 271
                                    

#For Zawgyi

နိုင်ဘုန်းလူတစ်ယောက် မကြည်မလင် မျက်နှာထားဆူပုပ်ပုပ်နှင့် ထိုင်နေသော တူဖြစ်သူရဲ့လုပ်ပုံကြောင့် ထူးချွန်သာအား အားနာလာကာ

" ကဲ ချမ်း နားချင်ရင်လည်း အပေါ်တက် နားတော့ "

စကားဆုံးသည်နှင့် ချမ်းက ခေါင်းတစ်ချက်ငြိမ့်ကာ ဘယ်သူ့ကိုမှ နှုတ်ဆက်ခြင်းအမှုကိုမပြုဘဲ ခပ်တည်တည်ပင် အပေါ်တက်သွားလေသည် ။ ဒေါ်ခိုင်ဘုန်းဖြူက ထွက်သွားသော ချမ်းရဲ့ကျောပြင်အား လှမ်းကြည့်ကာ သက်ပြင်းချရင်း အားကိုးရာတစ်ခုလို တိုင်တည်ပြီးပြောမိသည်က

" ချမ်းက အရမ်းဆိုးတယ် ထူးလေးရယ် "

" မမတို့က အလိုလိုက်ထားပုံပဲ "

နိုင်ဘုန်းလူကပါ စိတ်ပျက်လက်ပျက်အသံနှင့်

" မင်း အပြစ်ပြောရင်လည်း ခံရမှာပဲ ထူးရာ ၊ ငါတို့မှာ ချစ်စရာဆိုလို့ ချမ်းတစ်ယောက်ပဲရှိတော့ သူ့စိတ်တိုင်းကျ ဖြည့်ဆည်းပေးရင်း ဖြည့်ဆည်းပေးရင်းနဲ့ သိတတ်တဲ့အရွယ်မှာ သူက ထိန်းမရတော့ဘဲ ထင်ရာစိုင်းနေပြီ "

" တော်တော်ကြီးဆိုးနေတာလား ချမ်းက... "

" ချမ်း ဘယ်လောက်ဆိုးလဲဆိုတာ ပြောနေရင် ဒီတစ်သက် ဆုံးမှာမဟုတ်တော့ဘူး ၊ အတိုချုံးပြီး မင်းသဘောပေါက်အောင် တစ်ခွန်းတည်းနဲ့ပြောရရင် ချမ်းက ခုထိ ဆယ်တန်းမအောင်သေးဘူး ထူး "

ဟောဗျာ.... ။

နိုင်ဘုန်းလူစကားကြောင့် ထူးမှာ ပါးစပ်အဟောင်းသား ။

" ဒါ...တကယ်ပဲလား လူလူ "

ထူးရဲ့အံ့သြတကြီးအမေးကို နိုင်ဘုန်းလူက ခပ်လေးလေးပင် ခေါင်းငြိမ့်ပြလေသည် ။

ဟား....ဒါ ဘယ်လို ဆိုးဝါးမှုမျိုးလဲ ။ အရမ်းတော်ပြီး အရမ်းထက်မြက်တဲ့ ဗိုလ်မှူးမင်းဝန် နဲ့ ဒေါက်တာခိုင်ဘုန်းဖြူတို့ရဲ့ မျိုးဆက် တစ်ဦးတည်းသောသား ချမ်းက အသက် ၁၈ နှစ်အရွယ်မှာတောင် ဆယ်တန်းမအောင်သေးဘူးဆိုတာကြီးကတော့ မလွန်လွန်းပေဘူးလား ။

ထူး ကနေဒါကနေ မမခိုင်ဘုန်းဖြူနဲ့လူလူ့ဆီ ဖုန်းခေါ်တိုင်း ချမ်း ဆိုးတယ်ဆိုတာမျိုးကို မကြာခဏကြားရတတ်ပေမယ့် ဒီလောက်ကြီးလို့တော့ ထင်မထားမိ ။

အသကျဆကျ သှေး ( အသက်ဆက် သွေး )Completed Where stories live. Discover now