#For Zawgyi
" ချမ်း မင်း ဟိုတစ်ခါ မေးခဲ့ဖူးတဲ့ မေးခွန်းကို ငါ အခု ဖြေတော့မယ် "
" ခိုလှုံရာကိုလှူဖို့ ဘယ်လိုစိတ်ကူးရသွားတာလဲ ဆိုတဲ့ မေးခွန်းလား ဦးသာ "
ဦးသာက ဘေးတိုက်ယှဉ်ပြီးထိုင်နေတဲ့ ချမ်းဘက်ကို ငဲ့စောင်းကာကြည့်လာရင်းနဲ့ ပြုံးသည် ။
" မင်း မှတ်မိသားပဲ "
" ကျွန်တော်က သိချင်ခဲ့တဲ့သူပဲ ဦးသာရာ ၊ မေ့စရာလား "
" အဲ့ဒီစိတ်ကူးရသွားတာကတော့ ငါ့ပါပါးကြောင့်လို့ပဲ ပြောရမလားမသိဘူး ၊ ငါ့ပါပါးက ဘိန်းဘုရင်လို့ ခေါ်ကြတဲ့ ဘိန်းမှောင်ခို ရောင်းဝယ် ဖောက်ကား လုပ်သလို လက်နက်ကိုင် သူပုန်သောင်းကျန်းသူ အဖွဲ့အစည်းကြီးတစ်ခုရဲ့ ခေါင်းဆောင်လည်းဖြစ်တယ်လေ "
ချမ်းသိပြီးသားအကြောင်းအရာတွေမို့ ခေါင်းငြိမ့်၍သာ နားထောင်နေလိုက်သည် ။
" ပါပါးရဲ့ဘိန်းခင်းထဲကထွက်တဲ့ ဘိန်းတွေကြောင့် လူဖြစ်ရှုံး, ဘဝတွေဆုံးပြီး အသက်ပါ ဆုံးရှုံးခဲ့တဲ့လူတွေ ဒီလောကကြီးမှာ ဘယ်လောက်များနေမလဲမသိနိုင်ဘူး ၊ အဲ့လို အသက်ဆုံးရှုံးခဲ့ရတဲ့လူတွေထဲမှာရော သားသမီးရှိတဲ့ အိမ်ထောင်ဦးစီးတွေ ဘယ်နှယောက်ပါနေမလဲ ၊ မိဘမဲ့သွားတဲ့ ကလေးငယ်အရေအတွက်တွေရော ဘယ်လောက်တိုးပွားနေမလဲ ၊ အဲ့ဒါဟာ ငါ အလယ်တန်းအရွယ်လောက်က စပြီးတွေးမိခဲ့တဲ့ မေးခွန်းတွေပဲ.....
ငါ ကနေဒါမှာနေခဲ့တဲ့တောက်လျှောက်လည်း အဲ့ဒီအတွေးတွေက ပျောက်မသွားဘူး ၊ ပါပါးရဲ့လုပ်ရပ်တွေကို မတားဆီးနိုင်ခဲ့တဲ့ သားတစ်ယောက်အနေနဲ့ ငါ့ကိုယ်ငါ လိပ်ပြာမလုံသလို ခံစားရတယ် ၊ ဒီငွေတွေနဲ့ဖြစ်လာတဲ့ ထမင်းနဲ့လည်း အသက်ဆက်ခဲ့ဖူးတာမို့ အဲ့ဒီအတွက်လည်း ပြန်ပေးဆပ်သင့်တယ်လို့ခံယူတယ်.....
ပြီးတော့ ပါပါးတို့အဖွဲ့အစည်းတွေကြောင့်လည်း စစ်ပွဲတွေဖြစ်ခဲ့ဖူးတယ် ၊ စစ်ပွဲဖြစ်မှတော့ အသေအပျောက်ဆိုတာရှိစမြဲပဲလေ ၊ စစ်ပွဲဒဏ်ကို ခံရတဲ့ဒေသခံတွေဆိုတာလည်း ဘယ်လောက်များဒုက္ခရောက်လိုက်ကြမလဲ..... "
YOU ARE READING
အသကျဆကျ သှေး ( အသက်ဆက် သွေး )Completed
Romance#For Zawgyi ဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်ပါသောကြောင့် တစ်စုံတရာ တိုက်ဆိုင်မှုရှိပါက နားလည်ပေးကြပါရန်နှင့် အကြောင်းအရာ လွဲချော်မှုများ ရှိခဲ့လျှင်လည်း စာရေးသူ၏ အားနည်းချက်ဖြစ်သောကြောင့် စာဖတ်သူတို့မှ ဖြည့်စွက်တွေးပေးရင်း ခွင့်လွှတ်ပေး...