#For Zawgyi
ကားမောင်းနေရင်းမှ ရတုစကားသံတွေက အာရုံထဲမှာ တဝဲလည်လည် ။ ချမ်း ရဲစခန်းမှာ အဖမ်းခံရတုန်းက အာမခံရသွားတာဟာ ရတုပြောသလိုပဲ ဦးခွန်သာသားမှန်းသိသွားလို့ဆိုတာ အများကြီးဖြစ်နိုင်ချေရှိသည် ။
အဲ့ဒီနေ့က ဦးသာသူငယ်ချင်း ဒုရဲအုပ်က စခန်းမှူးအား တစ်ခုခုကပ်ပြောလိုက်တာကို ချမ်း မြင်တွေ့ခဲ့ရသည်ပဲ ။ အဲ့ဒါက ဦးသာဟာ ဦးခွန်သာသားဆိုတာမျိုးကို အသိပေးလိုက်တာပဲ ဖြစ်မှာ ။ ဒါ့ကြောင့် စခန်းမှူးကလည်း ချမ်းအား ချက်ချင်းကို အာမခံပေးလိုက်တာ ဖြစ်နိုင်၏ ။
ထို ဦးခွန်သာ ဆိုတဲ့ လူကြီးဟာ အခုချိန်ထိကို ပေါက်ပေါက်မြောက်မြောက် ရှိသေးတယ်ဆိုတာ ချမ်းလည်း ကြားဖူးတဲ့သတင်းတွေကြောင့် သိထားပါသည် ။ မြန်မာနိုင်ငံမှာလည်း ဦးခွန်သာ ဆိုတဲ့နာမည်ကို မသိသူရှိမယ်မထင်ပါ ။
ဘာကြောင့်လဲဆိုတော့ အဲ့ဒီဦးခွန်သာက ဘိန်းရာဇာဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုတင်မဟုတ်ဘဲ ဟိုးအရင်ခေတ်က သူပုန်တွေလို့သတ်မှတ်ထားတဲ့ နာမည်ကြီး လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့ UKT ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်နေလို့ပါပဲ ။
လွန်ခဲ့တဲ့ ဆယ်နှစ်ကတော့ ၄င်း UKT အဖွဲ့က စစ်နှင့်ငြိမ်းချမ်းရေး လဲလှယ်ကာ နိုင်ငံတော်အစိုးရထံ အလင်းဝင်ခဲ့တယ်လို့ ချမ်း သိထားဖူးသည် ။
တွေးနေရင်း ရွှေပုဇွန်ရှေ့မှာ ဆုံခဲ့တဲ့သူရဲ့ စကားသံတွေကို ပြန်ကြားယောင်လာသည် ။
လွန်ခဲ့တဲ့ဆယ်နှစ်က မင်းပြန်လာမယ်လို့ထင်ခဲ့တာ ဆိုတဲ့စကား ။
ထိုစကားဟာ ဦးခွန်သာ အလင်းဝင်တဲ့ကာလတစ်ခုများ ရည်ညွှန်းလေသလား ။ အင်း...ဒါ အများကြီးဖြစ်နိုင်ချေရှိသည် ။
Jit-saw ဆက်သလို သူသိသလောက် အကြောင်းအရာအပိုင်းအစလေးများကို ဆက်စပ်ပြီးတွေးတောနေရခြင်းအပေါ်မှာ ချမ်း စိတ်ကရှည်မနေတော့ ။ သူ ဒီထက်ပိုပြီး သိရမှဖြစ်မည် ။
အခုလက်ရှိအချက်အလက်တွေအရ ဦးသာဟာ တစ်ချိန်က သောင်းကျန်းသူ သူပုန် လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်ကြီး၏ သားဖြစ်သည်ဆိုတာ သေချာသလောက်ရှိနေပြီဖြစ်သည် ။
YOU ARE READING
အသကျဆကျ သှေး ( အသက်ဆက် သွေး )Completed
Romance#For Zawgyi ဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်ပါသောကြောင့် တစ်စုံတရာ တိုက်ဆိုင်မှုရှိပါက နားလည်ပေးကြပါရန်နှင့် အကြောင်းအရာ လွဲချော်မှုများ ရှိခဲ့လျှင်လည်း စာရေးသူ၏ အားနည်းချက်ဖြစ်သောကြောင့် စာဖတ်သူတို့မှ ဖြည့်စွက်တွေးပေးရင်း ခွင့်လွှတ်ပေး...