ဆောင်းဦးရာသီ၏ နှင်းမှုန်မြူခိုးတို့ရစ်သိုင်းနေသော မနက်ခင်းဝေလီဝေလင်းအချိန်....
ဆိုးလ်မြို့ ဟန်မြစ်ကမ်းအနီးရှိ ပန်းခြံထဲတွင် သွေးပူလေ့ကျင့်ခန်းလုပ်ရင်း လမ်းလျှောက်နေသော လူများစွာထဲမှာ Hoodie အဝါနု၊ ဘောင်းဘီတိုအနက်ရောင်ဝတ် လူလတ်ပိုင်းအမျိုးသားတယောက်ကို mask အမဲကြီးတကားကားနဲ့ တွေ့ရမည်ဖြစ်သည်။
ဖြတ်သွားဖြတ်လာမိန်းကလေးတချို့ကထိုသူကို သတိထားမိသည့်အလား လည်ပြန်လှည့်ကြည့်ကာ တီးတိုးစကားဆိုကြသည်။ mask ဖြင့်မကာကွယ်ထားနိုင်သော ကြည်လင်ရွှန်းပသည့် မျက်ဝန်းများနှင့် ဖြူဖွေးနုညက်နေသော အသားအရေ၏ အရောင်အဝါတောက်ပမှုကို ငေးမိရုံနဲ့တင် ထိုသူသည် ဒယ်ဟန်မင်ဂု တနိုင်ငံလုံးမှာ နာမည်အကြီးဆုံး Double Million Seller အဖြစ်ကျော်ကြားလှသော Idol အဆိုတော်ဗြောင်ဘတ်ဟျွန်းများဖြစ်နေသလားဟု သံသယဝင်ချင်စဖွယ်ပင်။
ထိုသူမှာလည်း နောက်ကျောမလုံသလိုဟန်ဖြင့် ခနခနနောက်လှည့်ကြည့်ရင်း တစုံတခုကိုလက်ပူးလက်ကြပ်ဖမ်းချင်တဲ့ပုံပေါက်နေသည်။ မနေ့က မနက် လေးနာရီ ဘောလုံးကွင်းထဲမှာပတ်ပြေးနေတုန်းလည်း သူ့အနောက်က တစုံတယောက် နောက်ယောင်ခံ လိုက်နေသလိုခံစားရသည်။ အခုဒီမနက်မှာလည်း သူ့ခန္ဓာကိုယ်တခုလုံးထွင်းဖောက်လုမတတ် မျက်လုံးကြီးတွေနဲ့ အနောက်က လိုက်အကြည့်ခံရသလိုထင်တာမို့ ကိုယ်လုံးလေးမသိမသာကျုံ့ထားရင်း သစ်ပင်ရိပ်တခုမှာ ဝင်ပုန်းလိုက်တော့သည်။
" ဘာလား...ယောက်ျားကြီး "
မျက်စိရှေ့က ရုတ်တရက်ပျောက်သွားသူကို လိုက်ရှာသလိုလိုနဲ့ ဗျာများနေသော အရပ်ရှည်ရှည် လူတယောက်၏ပုံရိပ်က ဘတ်ဟျွန်းကို မျက်မှောင်ကျုံ့စေသည်။
နေရောင်မထိုးတဲ့မနက်စောစောမှာ နေကာမျက်မှန်ကြီးတပ်၊ mask အမဲကြီးစွပ်ပြီး အားကစားဝတ်စုံအမဲဝမ်းဆက်ပေါ်မှာ လျှာထိုးဦးထုပ်ကြီးပါစွပ်ထားလိုက်သေးတဲ့ ထိုအမျိုးကောင်းသားဟာ ဘတ်ဟျွန်းထက်တောင်ပိုပြီး cele ဆန်နေသလိုပဲ။ လူကိုရှာမတွေ့တာလည်းသေချာသွားရော... အခုမှတကယ်ကြီးအားကစားလုပ်သလိုနဲ့ ဟိုပြေးဒီပြေးတွေဖြစ်နေပြန်တယ်လေ။
YOU ARE READING
In ❤️ With my Saesang Fan
FanfictionGloxiniaDonation Project အတွက်ရေးထားတဲ့ PDF လေးပါ။ အချိန်အားတဲ့အခါ extra လေးရေးပေးပါဦးမယ် ❤️ သတိ !!! အချိုများပြီး ပွက်ချိတ်ကိုက်လျှင် တာဝန်မယူ 😆 Cover By @mee_ge_park Chanbaek yaoi MM fic