Extra ❤ One

614 73 21
                                    


တိမ်ကင်းစင်နေသော မနက်ခင်းက ရုံးပိတ်ရက်ဖြစ်တာကြောင့် ကားလမ်းပေါ်ရှင်းလင်းနေခဲ့သည်။ အဖြူနဲ့အပြာ ရောစပ်ထားသော သုံးထပ်တိုက်အသစ်လေးပေါ်က အားကစားဝတ်စုံကိုယ်စီနဲ့ ဆင်းလာသူနှစ်ဦးရှိလေသည်။

အနောက်ကလိုက်ချောင်းနေမယ့် သတင်းသမားတွေရှိနိုင်သေးတာမို့ ဘတ်ဟျွန်းအနားမကပ်ပဲ သူ့ရှေ့ ခပ်လှမ်းလှမ်းကနေ ချန်းယောလ်လျောက်လာသည်။ အကောင်ပေါက်ကလေး ဖုန်းကြည့်နေတုန်း ပျောက်သွားမှာစိုးလို့လဲ လည်ပြန်လှည့်ကြည့်ရသေးသည်။

'' မနက်စာ ဘာစားချင်လဲ ''

'' ရတယ် ဘာဖြစ်ဖြစ်.. ''

'' Gym ကထွက်လာတာနဲ့ ဒီဖုန်းပဲ ကြည့်နေတယ်။ လူကို အဖက်လေးဘာလေးလုပ်ပါဦးကွ ''

ဘတ်ဟျွန်းက သူ့ဖက်လှည့်မကြည့်။ နှုတ်ခမ်းစူပြပီး selfie တပုံ ချလပ်ခနဲရိုက်ကာ bubble မှာ update တင်နေသေးသည်။

'' ရည်းစားအရင်းခေါက်ခေါက်ကအရေးကြီးလား.. fan တွေက အရေးကြီးတာလား ''

'' ဘာတွေမေးနေတာလဲ... မသိဘူး ''

'' အောဟော.. ''

ဖုန်းထဲမှာ fan တွေနဲ့ reply ပြန်နေတုန်း ခြေထောက်ပုပုလေးက လမ်းလျောက်တာမပျက်တော့ အရှေ့က သစ်ပင်တွေ ခုံတန်းတွေနဲ့ ခိုက်မိမှာစိုးလို့ ချန်းယောလ်ပဲ ဟိုဖက်ဒီဖက်ဆွဲကာ ရှောင်ခိုင်းရသည်။

ဘတ်ဟျွန်းက ရှေ့ကြည့်မလျောက်ပေမယ့် ချန်းယောလ်မှာတော့ ရှေ့ကြည့်လိုက် နောက်ကြည့်လိုက်နဲ့ ဘဲငန်းအမေကြီးလို ဗျာများနေတုန်း.. ကောင်မလေးတသိုက်နဲ့ နီးလာတဲ့အခါ အိတ်ထဲက mask ထုတ်ပြီး ဘတ်ဟျွန်းမျက်နှာမှာ သွားတပ်ပေးရသည်။ ကိုယ်တိုင်လဲ ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းကာ အကျီဇစ် မေးဖျားထိရောက်အောင် ဆွဲတင်လိုက်ရသည်။

'' အင်း.. သိုင့်ခယူ.. ''

'' ဟျွန်းလေး..ဒီဖက်လာ ''

ဦးထုပ် ခပ်ငိုက်ငိုက်ဆောင်းထားသော gym အကျီဝမ်းဆက်နဲ့ အရပ်ရှည်ရှည် ခပ်မိုက်မိုက် အကိုကြီးတယောက်ရဲ့ ရင်ခွင်ထဲမှာ ကောင်လေးသေးသေးလေးတယောက်ထည့်ထားပြီး နှစ်ကိုယ်ကြား ပူးကပ်နေတဲ့မြင်ကွင်းကြောင့် မိန်းကလေးတွေမှာ အီးအီးအားအားဖြစ်ကုန်သည်။

In ❤️ With my Saesang Fan Donde viven las historias. Descúbrelo ahora