" ကိုကို... ကိုကိုရေ..
လေယာဉ်ထွက်တော့မှာတဲ့...
အွန်း...အများကြီးလွမ်းနေနော်
ပိုင့်ပိုင်... "အမိမြေကမထွက်သေးခင်အချိန်တောင် ဖုန်းထဲမှာအလွမ်းသယ်လို့မဝနိုင်တဲ့ ဘတ်ဟျွန်းကို မင်ဆော့ Hyung က မျက်လုံးလေးစွေကြည့်လာသည်။ နှုတ်ခမ်းပေါ်လက်ညှိုးလေးတင်ပြီး တိတ်တိတ်လေးနေပေးဖို့ အကူအညီတောင်းတာကိုမှ ဂျုံဒေး Hyung ကို အတင်းသွားပြောနေပြီထင်တာပဲ...Hyung ရယ်သံအကျယ်ကြီးကို ကြားလိုက်ရလို့လေ။
" ဝါးးးး လေကလတ်ဆတ်နေတာပဲ "
မိုးရွာထားစအချိန်မို့ မြေနံ့သင်းသင်းက လေအလွင့်မှာ ချစ်ဖို့ကောင်းစွာဝေ့ဝဲလာတော့သည်။ ဘာလီကျွန်းရဲ့ အထင်ကရနေရာမှာရှိတဲ့ ကမ်းခြေလေးတခုမှာ Photoshoot လုပ်ဖို့စီစဉ်ထားတဲ့နေ့ကျမှ မိုးရွာနေရသလားဆိုပြီး ပရိုဂျူဆာကြီး၏ ကျိတ်မနိုင်ခဲမရဖြစ်သံတွေကြားရချိန်မှာ ဘတ်ဟျွန်းတို့သုံးယောက်ကတော့ ပျော်လွန်းလို့ထခုန်ချင်နေပြီဖြစ်သည်။
တနေ့လုံးစိတ်ကြိုက်လျှောက်လည်ပြီး နားချင်သလိုနားကြဟေ့ လို့လည်းပြောလိုက်ရော ဘတ်ဟျွန်းတို့လှစ်ခနဲပျောက်ထွက်သွားတာက ကမ်းခြေပတ်လမ်းတနေရာ။ အုန်းပင်ပုံတွေပါသည့် ဟာဝေယံရှပ်အဝါနုရောင်နဲ့ ဘောင်းဘီတိုအဖြူလေးတထည်ဝတ်ထားရင်း သဲသောင်ပြင်ပေါ်မှာ စိတ်ကြိုက်ပေးလွှားနေရတဲ့ ခံစားချက်က တခြားဘာနဲ့မှမတူဘဲ လွတ်လပ်ပေါ့ပါးလိုက်တဲ့ဖြစ်ခြင်း....
" အကိုလေး အုန်းရည်သောက်မလား "
" အွန်း...သောက်ချင်တယ် ..
ဟင် !! ဘယ်သူ ?? "အင်ဒိုနီးရှားနိုင်ငံကြီးမှာ ကိုရီးယားဘာသာနဲ့အုန်းရေသောက်မလားလို လာမေးတဲ့သူဟာ ဘယ်လိုနည်းနဲ့မှဈေးသည်မဖြစ်နိုင်...
" ဟာ.... ခင်များကြီး...
ဒီအထိ....ဘာလိုက်လုပ်ပြန်ပြီလဲ "သူ့ကိုယ်သူ အင်ဒိုနိုင်ငံသားလိုလို အပီအပြင်ဝတ်စားပြီး ခေါင်းပေါင်းညိုညိုကြီးပေါင်းထားလိုက်သေးတဲ့ လူကြီးဟာ ဘတ်ဟျွန်းလက်ကိုအတင်းလိုက်တွဲပြီး တဟဲဟဲရယ်ပြလာတယ်လေ။
ESTÁS LEYENDO
In ❤️ With my Saesang Fan
FanficGloxiniaDonation Project အတွက်ရေးထားတဲ့ PDF လေးပါ။ အချိန်အားတဲ့အခါ extra လေးရေးပေးပါဦးမယ် ❤️ သတိ !!! အချိုများပြီး ပွက်ချိတ်ကိုက်လျှင် တာဝန်မယူ 😆 Cover By @mee_ge_park Chanbaek yaoi MM fic